ဒေလီ – မေ(၂၁)
အိန္ဒိယမှာ နိုင်ငံတွင်း တန်ဖိုးအမြင့်ဆုံး ငွေစက္ကူ လည်ပတ်မှုကို စတင်ရုပ်သိမ်းသွားတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပြီး ဒီအခြေအနေကြောင့် ကြွေးမြီးတွေ မြင့်မားနေချိန် မှာ ဘဏ်အပ်ငွေ တိုးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းအရာရှိ တီဗီဆိုမာနာတန်က ရူပီး(၂၀၀၀) တန် ငွေစက္ကူတွေ ကို ရုတ်သိမ်းတာဟာ ဒီနှစ်အတွင်း ပြည်နယ်ကြီးလေးခုမှာ ရွေးကောက်ပွဲ မတိုင်မီထွက်ပေါ်လာ တာဖြစ်ပြီး ဘယ်လိုအရာနဲ့မှအနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဆိုခဲ့တာပါ။
အိန္ဒိယနိုင်ငံရှိနိုင်ငံရေး ပါတီအများစုဟာ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ အသုံးစရိတ်ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကုန်ကျ စရိတ်တွေကို ရန်ပုံငွေအဖြစ်အစုအဖွဲ့လိုက် ငွေသားစုဆောင်းထားတာဖြစ်တယ်လို့ သိရပါတယ်။
ငွေစက္ကူရုပ်သိမ်းကြောင်း ကြေငြာချက်မှာ အမျိုးအမည်ခွဲသတ်မှတ်တာဟာ ငွေပေးငွေယူတွေ အတွက် အသုံးများတာမဟုတ်ကြောင်း ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငွေစက္ကူတွေဟာ တရားဝင်တင်ဒါအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ သူက ဆိုခဲ့ပေမယ့် လူတွေကို ငွေသွင်းဖို့နဲ့ အသေးစားအမျိုးအမည်ခွဲခြားတာတွေအတွက် စက်တင်ဘာ လ(၃၀) ရက်နေ့အထိ လဲလှယ်ပေးဖို့ တောင်းဆိုမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင်တဲ့ အစိုးရဟာ (၅၀၀) နဲ့ (၁၀၀၀) တန်ရူပီးတွေကို ရုတ်တရက် ရုပ်သိမ်းပြီးနောက် ၂၀၁၆ ခုနှစ်မှာ ၂၀၀၀ တန်ရူပီးငွေစက္ကူကို ၂၀၁၆ ခုနှစ်မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
အစီအစဉ်အောင်မြင်ကြောင်း အထောက်အထား အနည်းငယ်သာရှိပေမယ့် အဲဒီလှုပ်ရှားမှုဟာ စီးပွားရေးမှ ငွေကြေးရဲ့ ၈၆ရာခိုင်နှုန်းကို နေ့ချင်းညချင်း တန်ဖိုးနဲ့ လည်ပတ်စေပြီး ငွေသား ပြတ်လပ်မှုကို ဖန်တီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရက်အနည်းငယ်အကြာမှာတော့ အစိုးရဟာ (၅၀၀) တန်ရူပီးငွေစက္ကူအသစ်တွေကို စတင် ထုတ်ဝေခဲ့ပြီး (၂၀၀၀) တန်ငွေစက္ကူတွေကိုတော့ လည်ပတ်မှုမှာ ပိုမိုမြန်ဆန်တဲ့ တဲ့ အရှိန်အဟုန် နဲ့ ပေါင်းထည့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဗဟိုဘဏ်ဟာ ရူပီ(၅၀၀) အောက်ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေဖို့ အာရုံစိုက်ခဲ့ပြီး လွန်ခဲ့တဲ့ လေးနှစ်အတွင်း ရူးပီးငွေစက္ကူအသစ်တွေ မရိုက်နှိပ်ရသေးဘူးလို့ သိရပါတယ်။
အိန္ဒိယဘဏ်တွေဟာ ပြီးခဲ့တဲ့မေလတည်းက RBI နှုန်းထားရဲ့ အခြေခံအမှတ် (၂၅၀) ရှိပေမယ့် မကြာသေးခင်လတွေအတွင်း ဂဏန်းနှစ်လုံးအကြွေးတိုးတက်မှုကို အစီရင်ခံဖော်ပြခဲ့တာ ဖြစ်ပါ တယ်။
ကြီးထွားလာနေတဲ့ ဝယ်လိုအားနဲ့ ငွေထုတ်လွယ်မှုကို တင်းကျပ်စေဖို့အတွက် ဘဏ်တွေဟာ အပ်ငွေတွေကို အရှိန်အဟုန်နဲ့ မြှင့်တင်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။
Ref: Reuters