ကော့ကရိတ် – မေ(၂၀)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ရဲ့ အထူးလက်ဖြောင့်မွန်းမံသင်တန်းကို KNU တပ်မဟာ-၆ နယ်မြေမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မေလ(၁၉) ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး သင်တန်းတက်ရောက်ခဲ့တဲ့ အထူးလက်ဖြောင့် ရဲဘော်(၃၀) ဦးကို KNU တပ်မဟာ-၆ နဲ့ တပ်မဟာ – ၄ နယ်မြေမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့နဲ့ စစ်ကြောင်းတွေမှာ စစ်ဆင်ရေးတာဝန်တွေပေးအပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အထူးလက်ဖြောင့်မွန်းမံသင်တန်းမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊MSRF တပ်တွေက အတွေ့အကြုံရှိ ထူးချွန်စနိုက်ပါရဲဘော်တွေကို သီးခြား စုဆောင်းပြီး စာတွေ့လက်တွေ့နဲ့ လက်နက်မျိုးစုံ၊ပုံစံမျိုးစုံကို အချိန်တစ်လကြာ လက်တွေ့ လေ့ကျင့်ပစ်ခတ်တာတွေကို သင်ပေးခဲ့တာပါ။

ဒါ့အပြင် တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်နိုင်ဖို့နဲ့ စစ်ဆင်ရေးတိုင်းမှာ စနိုက်ပါတွေကို အထူးကဏ္ဍအနေနဲ့ ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး သင်တန်းပေးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – S.O.F (အထူးစစ်ဆင်ရေးတပ်ဖွဲ့)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.