ပေကျင်း – မေ(၂၁)
တရုတ်နိုင်ငံဟာ နှစ်စပိုင်းကစပြီး ဧပြီလအထိ မြောက်ကိုရီးယားကို ဆံပင်အတုနဲ့ဓာတ်မြေဩဇာ တွေအဓိကပါဝင်တဲ့ ကုန်စည်တင်ပို့မှုတွေကို အများဆုံး တင်ပို့ထားနိုင်ခဲ့တယ်လို့ အကောက်ခွန် အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို တရုတ်ရဲ့ ပြည်ပပို့ကုန်ဟာ တစ်နှစ်ထက်တစ်နှစ်မှာ (၆၉) ရာခိုင်နှုန်း အထိ မြင့်တက်လာပြီး ဧပြီလမှာ အမေရိကန်ဒေါ်လာ (၁၆၆) မီလျံအထိရှိတယ်လို့ တရုတ်ရဲ့ အကောက်ခွန်ဆိုင်ရာ အထွေထွေစီမံခန့်ခွဲရေးအချက်အခက်တွေမှာ ဖော်ပြထားတာပါ။
အခုနှစ်မှာ မြောက်ကိုရီးယားကို တရုတ်ရဲ့ ထိပ်တန်းတင်ပို့ကုန်မှာ ဆံပင်အတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆံသားနဲ့ သိုးမွှေဖြစ်ပြီး အမေရိကန်ဒေါ်လာ(၁.၁၆) မီလျံအထိဝင်ငွေရရှိခဲ့သလို ဓာတ်မြေဩဇာအဖြစ်အသုံးပြုတဲ့ ဒိုင်အမိုနီယမ်ဟိုဒရိုဂျင်ဖော့စဖိတ်အမေရိကန်(၈.၈၄) မီလျံ အထိ တင်ပို့ထားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧပြီလအတွင်း ပြုံယမ်းအစိုးရဟာ တရုတ်ဆီက အမေရိကန်ဒေါ်လာ(၅.၀၇) မီလျံ တန်ဖိုးရှိတဲ့ ဆန်စပါးတန်ချိန်ကိုလည်း ဝယ်ယူထားပါတယ်။
ဇန်နဝါရီလကနေ ဧပြီလအထိ မြောက်ကိုရီးယားကိ တရုတ်ရဲ့ ပြည်ပပို့ကုန်တန်ဖိုးမှာ နှစ်တစ်နှစ် ရဲ့ အစောပိုင်း အမေရိကန်ဒေါ်လာ (၂၇၀.၅၉) မီလျံကနေ (၆၀၃) မီလျံအထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
စားနပ်ရိက္ခာမလုံလောက်မှုဒဏ်ကို ကာလအတန်ကြာခံစားခဲ့ရတဲ့ မြောက်ကိုရီးယားဟာ စားနပ် ရိက္ခအကျပ်အတည်း ဆိုးရွားလာနိုင်ကြောင်း တောင်ကိုရီးယားရဲ့ ဒုံအိုင်အီဘို သတင်းစာက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ သူတို့ရဲ့ ပဲ့ထိန်းဒုံးနဲ့ နျူကလီးယား အစီအစဉ်တွေကြောင့် ကုလရဲ့ ပိတ်ဆို့အရေးယူမှုအောက် မှာ ၂၀၀၆ ခုနှစ်တည်းက ကျရောက်ခဲ့တာဖြစ်ပါတယ်။
Ref: Reuters