ကရာချိ၊ မေ(၂၀)

ပါကစ္စတန်နိုင်ငံဟာ နိုင်ငံရေးနဲ့စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အကြမ်း ဖက်မှုတွေဟာ ပိုမိုဖြစ်ပွားလာနိုင်တဲ့ စစ်ဆင်ရေးတစ်ရပ်အတွက် ပါကစ္စတန်ရဲတပ်ဖွဲ့က မေလ (၁၉)ရက်နေ့မှာလာဟိုးမြို့ရှိ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းရဲ့နေအိမ်ကို ရှာဖွေဖို့ စီစဉ်နေကြောင်း ပြည်နယ်အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ 

မြို့တော်ရဲမင်းကြီးဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာဟာ သောကြာနေ့နှောင်းပိုင်းမှာ ရှာဖွေမှု စစ်ဆင်ရေးကို လုပ်ဆောင်မှာဖြစ်တယ်လို့ ပန်ဂျပ်ပြည်နယ် ပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။ 

“အဲဒီမှာ ပုန်းအောင်းနေတဲ့ အကြမ်းဖက်သမား ၄၀ လောက် ရှိတယ်လို့ ကျနော်တို့ သတင်းရထားပြီးတော့ အိမ်ကိုရှာဖွေဖို့ ရဲ ၄၀၀ လောက် လိုမယ်ထင်တယ်” လို့ သူက ရိုက်တာကိုပြောကြားပြီး အစိုးရနဲ့ စစ်ဘက် ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးတယ်လို့ စွပ်စွဲခံထားရတဲ့ ခမ်းရဲ့ထောက်ခံသူတွေကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ 

ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော်လာဟိုးရဲ့ ဖမန်ပါ့ခ်ရပ်ကွက်မှာ တည်ရှိတဲ့ အသက် ၇၀ အရွယ် ခရစ်ကတ်ကြယ် ပွင့်ဟောင်းရဲ့အိမ်ဟာ ပြီးခဲ့တဲ့မတ်လမှာ သူ့ကိုတရားရုံးကိုခေါ်စဉ် မလာရောက်ခဲ့တဲ့အတွက်  ဖမ်းဆီးဖို့ ကြိုးပမ်းချိန် သူ့ကိုထောက်ခံသူတွေနဲ့ရဲတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ 

ခမ်းဟာအကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ မေလ (၉) ရက်နေ့မှာဖမ်းဆီးခံခဲ့ရပြီး သူကအမှုနဲ့ပတ်သက်ပြီး ငြင်းဆိုခဲ့ပါတယ်။ အခုလနှောင်းပိုင်းမှာ သက်တမ်းကုန်ဆုံးမယ့် တရားရုံးအာမခံနဲ့ လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ 

သူဖမ်းဆီးခံရမှုကြောင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ အခြားအစိုးရ အဆောက်အအုံတွေကို ထောက်ခံသူတွေက တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှု လှိုင်းလုံးကြီး ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ 

ပန်ဂျပ်အစိုးရဟာ အင်အားကြီးတဲ့စစ်တပ်ကို တိုက်ခိုက်မှုအတွက် ထောက်ခံသူတွေကို လွှဲပြောင်းပေးဖို့နဲ့သူ့ရဲ့ နေအိမ်မှာ ပုန်းအောင်းနေတယ်လို့ စွပ်စွဲထားသူတွေကိုလည်း လွှဲပြောင်းပေးဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တောင်း ဆိုခဲ့ပါတယ်။ 

ခမ်းဟာအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တဲ့ ဘယ်သူ့ကိုမျှ ခိုလှုံခွင့်မပေးထားကြောင်း ငြင်းဆိုထားပြီး အာဏာပိုင်တွေက သူ့ရဲ့နေအိမ်ကို တရားရုံးမှ တရားဝင်ဝရမ်းထုတ်မှသာ ရှာဖွေနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ခမ်းရဲ့လက်ထောက်ဖြစ်သူဟာ ဂျာနယ်လစ်တွေကို  ခမ်းရဲ့လားဟိုး အိမ်နယ်မြေအချို့သို့ အကြမ်းဖက်သမားတွေကို ရှာဖွေဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.