ထိုင်ဝမ်၊ မေ(၂၁)

ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းပေါ်ကို တရုတ်နိုင်ငံဘက်မှ စစ်ရေးဖိအားတွေ မြှင့်တင်လာပြီး တင်းမာမှုမြင့်တက်လာတဲ့အချိန်မှာ ထိုင်ဝမ်ရေလက်ကြားတဝိုက် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို လက်ရှိအ နေအထားအတိုင်း ဆက်လက်ထိန်းသိမ်းဖို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်အနေနဲ့ ကျူးကျော်မှာမဟုတ်သလို တရုတ်ရဲ့ဖိအားကိုလည်း ဦးညွတ်မှာမဟုတ်ကြောင်း ထိုင်ဝမ်သမ္မ တက သူမရဲ့အုပ်ချုပ်မှု ၇ နှစ် ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လိုအပ်ရင် ကျွန်းနိုင်ငံကို သူ့ရဲ့ထိန်းချုပ်မှုအောက်မှာထားရှိဖို့သာ အစဉ်အမြဲခြိမ်းခြောက်နေ သလို သူရဲ့အပိုင်အဖြစ်ယူဆထားပြီး အမျိုးသမီးသမ္မတ ဆိုင်အင်ဝမ် ၂၀၁၆ ခုနှစ် အာဏာရချိန်ကတည်းက တရုတ်ဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို လက်ခံဖို့ စစ်ရေးနိုင်ငံရေးအရ ဖိအားတွေတိုးမြှင့်နေတာလည်း  ဖြစ်ပါတယ်။

ထိုင်ဝမ်လွတ်မြောက်ရေးအတွက် အစဉ်တစိုက်ကြုံးဝါးလေ့ရှိတဲ့ သူမကို တရုတ်နိုင်ငံဘက်က ခွဲထွက်ရေးသမား အဖြစ် ထင်မြင်ထားတာပါ။

“စစ်ပွဲဆိုတာ ပေ့ါပေ့ါတန်တန် ရွေးချယ်ရမယ့်အရာ မဟုတ်ပါဘူး။ ဘယ်ဘက်ကနေမှ လက်ရှိအနေအထားကို မငြိမ်းချမ်းခြင်းအဓိပ္ပါယ်အဖြစ် မျှတမှုကင်းမဲ့စွာ ပြောင်းလဲလို့တော့ မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ လက်ရှိအနေအထားကို ထိန်းသိမ်းတာကသာ ကမ္ဘာအတွက်ရော၊ ထိုင်ဝမ်အတွက်ပါ ဘုံသဘောတူညီတဲ့ အရာ တစ်ခုပါ” လို့ ထိုင်ဝမ်သမ္မတက ပြောကြားခဲ့ပါတယ်။

G7 နိုင်ငံတွေဟာလည်း ထိုင်ဝမ်အရေးနဲ့ ပတ်သက်တဲ့ပြဿနာတွေကို ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တစ်ရပ် ရှာဖွေဖို့ သဘောတူညီခဲ့ကြတာပါ။

ကိုဗစ်၁၉ ကြောင့် ပို့ဆောင်ရေးလုပ်ငန်းစဉ်နှောင့်နှေးခဲ့ရတဲ့ ထိုင်ဝမ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယမ်တန်ဖိုးရှိသော လက်နက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ဘိုင်ဒင်အုပ်ချုပ်ရေးနဲ့ ထိုင်ဝမ်တို့ ဆွေးနွေးမှု လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း ထိုင်ဝမ်ရဲ့ အဓိကရွေးကောက်ပွဲကို နောင်နှစ်ဇန်နဝါရီလအလယ်ပိုင်းမှာ ကျင်းပသွားဖို့ရှိပြီး တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေဖြစ်နေခြင်းဟာ ရွေးကောက်ပွဲအစီအစဉ်ရဲ့ ထိပ်တန်းအကြောင်းအရာလည်း ဖြစ်နေပါတယ်။

Source: Reuters/gs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.