ပေကျင်း – မေ(၂၀) 

တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ အခြေခံအဆောက်အအုံတည်ဆောက်တာကနေ ကုန်သွယ်မှု မြှင့်တင်တာတွေအထိ အာရှအလယ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ အစီအစဉ်ကို ထုတ်ဖော်ခဲ့ပြီး အစဉ်အလာအရ ရုရှားဩဇာလွှမ်းမိုးမှုရှိတဲ့ ဒေသတွင်း ခေါင်းဆောင်မှု အခန်း ကဏ္ဍအသစ်ကို ရယူခဲ့ပါတယ်။ 

အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကာဇက်စတန်၊ကာဂျစ်စတန်၊တာဂျစ်ကစ္စတန်၊တာ့ခ်မင်နစ္စ တန်နဲ့ ဥဇဘတ်ကစ္စတန်တို့ကို ခေတ်မီအောင်မြှင့်တင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ တွေညှိနှိုင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ ကျင်းပ တဲ့ တရုတ်-အာရှအလယ်ပိုင်း ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့တာပါ။ 

“ဒီထိပ်သီးဆွေးနွေးပွဲဟာ နိုင်ငံခြောက်ခုရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်လည်အသက်ဝင်လာဖို့ တွန်းအားသစ်တွေ ထပ်လောင်းပေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးထဲကို အားကောင်းသည့် အပြုသဘောဆောင်တဲ့ အားအင်တွေ ပေါင်းထည့်ခဲ့ပါတယ်” လို့ သမ္မတ ရှီက က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အဆင့်မြင့်မားတဲ့ win-win ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စံနမူနာအသစ်ကို နက်ရှိုင်းစွာ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

အခုလိုထိတွေ့ဆက်ဆံမှုတွေနဲ့အတူ တရုတ်နိုင်ငံဟာ သယံဇာတပေါကြွယ်ဝတဲ့ ဒေသမှာ နိုင်ငံရေးဩဇာနဲ့ စွမ်းအင်ပိုင်ဆိုင်မှုအတွက် ပြိုင်ဆိုင်မှုမှာ ရှေ့တန်းက ရပ်တည်ခဲ့ပြီး ရုရှားက ယူကရိန်းစစ်ပွဲကြောင့် အာရုံပြောင်းနေသလို အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာသွားတဲ့အတွက် အမေရိကန်ရဲ့ တည်ရှိမှုဟာ လျော့နည်းသွားပြီဖြစ်တယ်လို့ သိရပါ တယ်။ 

အရင်က ဆိုဗီယက်ပြည်ထောင်စုဟာ တခြားနေရာတွေမှာ အနှောင့်အယှက်တွေကြုံလာတဲ့ အချိန်မှာ ကုန်သွယန်ရေး စင်္ကြံများကွန်ရက်နဲ့ လောင်စာဆီ၊အစားအစာနဲ့ တခြားကုန်စည်တွေ ကို တရုတ်နိုင်ငံရဲ့ အစားထိုးလမ်းကြောင်းတွေကို အသုံးပြုဖို့ ကမ်းလှမ်းထားတာလည်း ဖြစ်ပါ တယ်။

နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးပွဲမှာ ပံ့ပိုးကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကတိ ကဝတ်တွေဟာ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ G-7 ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အနုတ်လက္ခဏာဆောင်တဲ့ ပုံသဏ္ဍန်နဲ့ ဆန့်ကျင်ဘက်အခြေအနေကို ကိုယ်စားပြုတာဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်နဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေဟာ အချုပ်အခြာအာဏာ၊လွတ်လပ်ရေး၊အမျိုးသား ဂုဏ် သိက္ခာနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစတ့ အရေးပါတဲ့ အကျိုးစီးပွားတွေအတွက် ပြတ်ပြတ်သား သား နဲ့ ခိုင်မာတဲ့ ထောက်ခံမှုကိုပေးသင့်တယ်လို့ တရုတ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ 

တရုတ်ခေါင်းဆောင်ရဲ့ ရည်ညွှန်းချက်မှာ အာရှအလယ်ပိုင်းနိုင်ငံတွေလို ယူကရိန်းကိုတော့ ဆိုဗီယက်ယူနီယံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုပြီး ဖော်ပြထားတာတော့ မရှိပါဘူး။ 

“ဗဟိုအာရှနိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးစွမ်းရည် တည်ဆောက်မှု တိုးတက်ကောင်းမွန်အောင် တရုတ်နိုင်ငံက ကူညီဖို့ အသင့်ရှိပါတယ်” လို့ တရုတ်သမ္မတက ပြော ခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.