မော်လမြိုင် – မေ(၁၈)
မြန်မာနိုင်ငံကို စစ်အာဏာသိမ်းကာလ(၂) နှစ်ကျော်အတွင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း (၉၃၀၀) ကျော်ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲတွေထဲမှာ ဒီနှစ်ပထမလေးလတာအတွင်း နိုင်ငံတဝန်း တိုက်ပွဲပေါင်း (၁၄၀၀) ကျော် ဖြစ် ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေထဲက (၅၈) ရာခိုင်နှုန်းဟာ တိုင်းရင်းသားလက်နက်ကိုင် (EAOs) နဲ့ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားဖြစ်ပွားခဲ့ကြတာပါ။
ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲအရေအတွက်ကို ပြန်ရောက်ခဲ့တယ်လို့ ISP-Myanmar ရဲ့ အချက်အ လက်တွေမှာ ဖော်ပြထားပါတယ်။
နှစ်နှစ်ကျော်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲထဲက (၅၄) ရာခိုင်နှုန်းဟာ ကရင်ပြည်နယ်မှာ အများဆုံးဖြစ် ပွားခဲ့ပြီး စစ်ကိုင်းတိုင်းမှာတော့ (၁၂) ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံးဖြစ်ခဲ့တာပါ။
နိုင်ငံအနှံ့ ၂၀၅ မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်ဟာ တိုက်ပွဲစုစု ပေါင်း (၄၅) ရာခိုင်နှုန်းအထိ တိုက်ပွဲအများဆုံးဖြစ်ခဲ့တဲ့ ဒေသလို့ ISP-Myanmar က ဆိုထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာလည်း အခုနှစ်လေးလအတွင်း မြို့နယ်ပေါင်း (၅၆) မြို့နယ်ထက်မနည်းပြုလုပ်ခံခဲ့ရပြီး တိုက်ခိုက်မှုအကြိမ်ရေ (၄၄၂) ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား (၆၉၀)ကျော်သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာဖြစ်စဉ်ဟာ အထင်ရှားဆုံးဖြစ်ခဲ့တယ်လို့ ISP-Myanamr က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံထားရသူ (၃၅၀၀) ကျော် သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Chin PDF