KNU ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင် စီတပ်က နေ့စဉ် ရက်ဆက်ဆိုသလို လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေ၊ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ ရွာသားတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အဓမ္မယူဆောင်မှုတွေကိုပြုလုပ်နေပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရ တဲ့ စစ်ဘေးရှောင်ဦးရေဟာလည်း (၂၀၀၀၀) ကျော်ရှိနေပါတယ်။

ဒါကြောင့်လတ်တလော စစ်ဘေးရှောင်တွေအတွက် လိုအပ်နေတဲ့အရေးပေါ်အကူအညီပေးမှုအခြေအနေ၊ စစ် ဘေးရှောင် တွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်ခဲတွေနဲ့၊ နယ်မြေထဲမှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအခြေ နေတွေနဲ့ ပတ်သက်ပြီး  ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(ကျောက်ကြီးမြို့နယ်)ရဲ့ တာဝန်ရှိသူ တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကိုပြောပေးပါဦးခင်ဗျ။

အခုဆိုရင် ကျေးရွာတွေကို ထိုးစစ်ဆင်တာတွေ များလာတဲ့အခါ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိကြတာပေါ့နော်။ ရှိတဲ့ အပေါ်မှာ ဒါကတော့ သူတို့လက်နက်ကိုင်အဖွဲ့အစည်းက ဖြစ်တာဆိုရင်တော့ ဘာမှမဟုတ်ဘူး။ အဲဒီအပေါ်မှာ ပြည်သူလူထုတွေအပေါ်မှာ လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ ရမ်းသမ်းပစ်ခတ်မှုတွေရှိတယ်၊ ပြီးတော့ ဖမ်းဆီး တာတွေ ရှိတယ်။ မလိုလားအပ်တဲ့ ဖမ်းဆီးချုပ်နှောင်တာ တွေရှိ တယ်။ ပြီးတော့လည်း လူတွေကို ဖမ်းဆီးပြီး တော့ သတ်ဖြတ်တာတွေရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ကျောက်ကြီးမြို့နယ် ညောင်လေးပင်ခ ရိုင်မှာ ဒီနှစ်မှာ တော်တော်များများ ဆက်တိုက်လုပ်လာတာတွေရှိတယ်။ အခုဆိုရင် ဒီနှစ်ထဲမှာဆိုရင် သတ် ဖြတ်မှုတွေက ဒီနှစ်ပိုင်းမှာဆိုရင် တော်တော်များများပေါ့နော်။ လူဦးရေ(၃၀)လောက် ဝန်းကျင်ရှိတယ်။ ဖမ်းဆီး တာတွေ တော်တော်များများပေါ့။ လူဦးရေ ရာနဲ့ချီရှိတယ်။ အခုဆိုရင် တွေ့မြင်ရတဲ့အပေါ်မှာတော့ ဒါကတော့ သူတို့တွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ပြောမယ်ဆိုရင် ဒီနှစ်ပိုင်းမှာတော်တော်များများပေ့ါနော်၊ လူတွေကို အပြစ်မဲ့တဲ့ကလေးသူငယ်တွေကအစ ဘာမှအပြစ်မရှိတဲ့ ရွာသူရွာသားတွေကို မီးရှို့သတ်ဖြတ်တာ တွေရှိလာတယ်။ အဲဒီအပေါ်မှာပဲ ကျေးရွာတွေမှာ သူတို့ရဲ့ရန်သူမရှိပဲနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ တအားပြု လုပ်လာတယ်။ တဆက်ထဲပဲ ထိုးစစ်ဆင်ပြီးတော့ ရွာသူရွာသားတွေရဲ့ ပစ္စည်းဥစ္စာတွေလည်း ခိုးယူသယ် ဆောင်သွားတာတွေလည်း တွေ့ရတယ်။  ဒီနှစ်ထဲမှာဆိုရင်တော့ ဒီဘက်ဒေသတွေမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထင်ထင်ပေါ်ပေါ်ကြီးကို ဖြစ်လာတာတွေ့ရတယ်။

-ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ရှောင်ဦးရေဘယ်လောက်ရှိလဲ၊ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ၊ အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေ ဘာတွေလိုအပ်နေလဲ။

ကျောက်ကြီးမြို့နယ် ညောင်လေးပင်ခရိုင်ထဲမှာ လူဦးရေ(၂၀၀၀၀)ကျော် အခုဆိုရင်  ထွက်ပြေးနေရတယ်။ တချို့ဆိုရင်တော့ ကျေးရွာအပေါ်မှာ ဒီနားဖြစ်ရင်တော့ ဟိုရွာပြေး၊ ဟိုရွာရွှေ့ ဒီဘက်ကိုပြေး ဟိုပြေးဒီပြေး။ ကျွန်တော်တို့ရွာတွေလည်း အများကြီးရှိတယ်။ အဲဒီအပေါ်မှာကတော့ ကျွန်တော်တို့ လူသားချင်းစာနာမှု အကူအညီနဲ့ပတ်သက်ပြီးတော့ ဒါကတော့ အရေးပေါ်ကူညီကယ်ဆယ်ရေးမှာ လက်လှမ်းမီတဲ့နေရာ ဒေသတွေမှာ ကျွန်တော်တို့အတတ်နိုင်ဆုံး လိုအပ်တဲ့ ကျန်းမာရေး စားဝတ်နေရေးအနည်းပေါ့နော်၊ လုံလောက်မှုတော့မရှိဘူး။ အဲဒါတွေတော့ အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီကနေ ပါဝင်ကူညီဖြေ ရှင်းပေးနေတာတွေရှိတယ်။ အခုလက်ရှိအခြေအနေက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာရယ်၊ ကျန်းမာရေး ရယ်ပေ့ါနော်၊ ပြီးတော့ လုံခြုံရေးပေါ့။ အဲဒီအပိုင်းတွေမှာတော့ အခုဆိုရင် ပြည်သူတစ်ရပ်လုံးကတော့ လက်ရှိ လက်ငင်းကတော့ လူမှုဘဝတစ်ခုလုံးရဲ့အနေအထားမှာ ကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင်တော့ လိုအပ်တဲ့ အရေးကြီးတာကတော့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး၊ လုံခြုံရေး အဲဒါတော့အဓိကကျတယ်။ အခု ဆိုရင် လုံခြုံမှုတစ်ခုမှမရှိဘူးပေါ့နော်။

ကျန်းမာရေးကတော့ အခုဆိုရင် ဆေးဝါးကုသမှုတွေက အလုံအလောက်မရှိဘူးလေနော်။ လမ်းပန်းဆက်သွယ် ရေးလည်း အဆင်ပြေတာမရှိဘူး တားဆီးပိတ်ဆို့တာတွေရှိတယ်။ ဖမ်းဆီးတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ ရှိတဲ့အခါကျတော့ လိုအပ်ရင်လိုအပ်သလိုတောင် ကျွန်တော်တို့လုပ်လို့မရတဲ့အခါ အဲဒီအပေါ်မှာက လိုအပ်ချက် တွေရှိလာတဲ့အခါ ပြည်သူတွေက အခုကျန်းမာရေးဆိုတာ အချိန်နဲ့တပြေးညီ ကုသခွင့်မရတဲ့အခါကျတော့ ဖြစ် နေတဲ့ ရောဂါအခြေအနေပေါ်မှာကတော့ ဒါကတော့ ပိုပိုဆိုးတယ်ပေါ့နော်။ အခုဆိုရင်တော့ ကလေးသူငယ် တွေအဖြစ်များတယ်။ ပြီးတော့ သက်ကြီးရွယ်အိုရောဂါအခံရှိတဲ့လူတွေက တော်တော်များပေါ့နော်၊ ကျွန်တော် တို့တွေ့နေရတယ်။

– ကျောက်ကြီးမြို့နယ်ထဲမှာ လက်ရှိ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုက ဘယ်လိုရှိပါလဲ။

နေ့တိုင်းလိုလိုတော့ဖြစ်နေတယ်။ ရမ်းသမ်းပစ်ခတ်မှုတွေလည်း နေ့တိုင်းလိုလိုလုပ်နေတယ်။ အဲဒီအပေါ်မှာ တော့ ထိုးစစ်တွေ ဆင်ပြီးတော့ အဲဒီလိုလက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေတော့ရှိတယ်။ အခု လက်ရှိအခြေအနေကတော့ သူတို့မုန်းဘက်တွေလည်း ထိုးစစ်ဆင်လာတွေ တွေ့တယ်။ ဒီရွှေကျင်ဘက်တွေမှာ လည်း ပစ်ခတ်မှုတွေ လုပ်လာတာတွေလည်း တွေ့ရတယ်။ ကျောက်ကြီးမြို့နယ်ထဲမှာတော့ လမ်းဘေးတစ် လျှောက်ပေါ့နော် ထိုးစစ်ဆင်လာတာတွေ တွေ့တယ်။ ရွှေကျင် ကျောက်ကြီးလမ်းမတွေလည်းရှိတယ်။

– နိုင်ငံတကာအဖွဲ့အစည်းတွေအပေါ် တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

– အဲဒါကတော့ ကျွန်တော်တို့ကတော့ အခုဆိုရင်တော့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကတော့ ပြည်သူပြည်သားတွေအတွက်ကတော့ လူသားချင်းအပေါ်မှာတော့ တကယ်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကို ထင်ထင်ပေါ်ပေါ်ပေ့ါနော်။ လူသိကမ္ဘာသိ ပြီးတော့ ရှိနေတဲ့အဖွဲ့အစည်းကလည်း ဒါကို ထိရောက်စွာအရေးယူကိုင်တွယ်နိုင်ဖို့က ကျွန်တော်တို့ကတော့ ဒါကိုတင်ပြရခြင်းဖြစ်ပါတယ်။

– ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(ကျောက်ကြီးမြို့နယ်)အနေနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ ဘယ်လိုမျိုးရှေ့ဆက်လုပ်ဆောင်သွားမလဲ။

ကော်မတီအနေနဲ့တော့ ဒီအထဲမှာရှိနေတဲ့ ကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့ လိုအပ်နေတဲ့ စားဝတ်နေရေး ပညာရေး ကျန်းမာရေးကိုတော့ ကျွန်တော်တို့က အစဉ်အမြဲပေါ့နော်၊ စောင့်ကြည့်ပြီးတော့ တတ်နိုင်တဲ့ဘက် ကတော့ ကျွန်တော်တို့ဒီဒေသရဲ့ လှုပ်ရှားမှုအပေါ်မှာ အခြေအနေမူတည်ပြီးတော့ ကျွန်တော်တို့က အမြဲကူညီ တာတွေရှိသလိုပေါ့နော်၊ ရှေ့ဆက်ပြီး ဒီရေးရာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့အပေါ်မှာတော့ ကျွန်တော်တို့ လိုအပ်ရင်လိုအပ်သလိုတော့ လုပ်နိုင်သလောက်တော့ ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ လုပ်ဖို့တော့ အစီအစဉ်လေးတော့ ချထားတာရှိတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.