စင်္ကာပူ – မေ(၂၀)
မြန်မာစစ်ခေါင်းဆောင်ရဲ့ လက်နက်စက်ရုံတွေကို အရေးကြီးတဲ့ အထောက်အပံ့ တွေပံ့ပိုးပေးနေ တယ်လို့ ကုလအစီရင်ခံစာထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံထဲကို လက်နက်စီး ဆင်းမှုတွေ ကာကွယ်ဖို့ လုပ်ဆောင်နေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်မှာ နိုင်ငံအနေနဲ့ အပြစ်မဲ့ ပြည် သူတွေကို နှိမ်နင်းဖို့အတွက် လက်နက်အင်အားအသုံးပြုနေတဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင် တဲ့ ရပ်တည်ချက်ကို ဆွဲကိုင်ထားပြီးဖြစ်တယ်လို့ ပြောခဲ့တာပါ။
ဒီပြောဆိုချက်ဟာ UN အထူးကိုယ်စားလှယ် တွမ်အန်ဒရူးရဲ့ အစီရင်ခံချက်ပြီးနောက် ထွက်ပေါ် လာတာဖြစ်ပြီး အဲဒီအစီရင်ခံချက်ထဲမှာ အမေရိကန်ဒေါ်လာ(၁) ဘီလျံ တန်ကြေးရှိတဲ့ လက်နက် တွေနဲ့ ပစ္စည်းတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ထောက်ပံ့ပေးခဲ့တာလို့ဆိုထားတာပါ။
စင်္ကာပူးနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကျွန်ုပ်တို့အနေနဲ့ စင်္ကာပူဥပဒေကို ကျူး လွန်တဲ့ ဘယ်လို ပြစ်မှုမျိုးကိုမဆို စင်္ကာပူဘက်မှ စုံစမ်းစစ်ဆေးရေးအတွက် ကူညီပေးတဲ့ အထူး ကိုယ်စားလှယ်ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုပါတယ်လို့ ဆိုထားပါတယ်။
“ယခုအချိန်တွင် စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီကို ပေးအပ်ရေးကို ကတိကဝက်ပြုထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုတို့နှင့်အတူ ဆောင်ရွက်နေပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စင်္ကာပူအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ဆောင်နိုင်ဖို့ အတွက် အတည်ပြုတာ ဒါမှမဟုတ် ပါဝင်ပတ်သက်တာအတွက် ညွှန်ပြချက်တစုံတရာ မပါဝင် ဘဲ မြန်မာစစ်တပ်နဲ့ ကုန်သွယ်မှုကိုသာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်မှာ စင်္ကာပူအနေနဲ့ မြန်မာနိုင်ငံကို စစ်ရေးဆိုင်ရာ အသုံး ပြုတဲ့ ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ ခွင့်ပြုးပေးထားတာမရှိဘူးလို့လည်း ပြောခဲ့ပါတယ်။
တွမ်အန်ဒရူးရဲ့ အစီရင်ခံစာမှာတော့ စင်္ကာပူဟာ မြန်မာစစ်တပ်ရဲ့ စစ်သုံးလက်နက်ထုတ်လုပ်ရေး ကို အထောက်အပံ့ပေးတဲ့ ကုန်ကြမ်းပစ္စည်းတွေအပါအဝင် သိသာထင်ရှားတဲ့ ပစ္စည်းပမာဏ တွေကို လွှဲပြောင်းပေးတဲ့ မဟာဗျူဟာမြောက်နေတာတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref: CNA