ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ အဖျက်စွမ်းအားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ ကြောင့် မြို့တော်စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက် မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ ခန့်မှန်းထားတာပါ။ ဒါကြောင့်လက်ရှိရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းသင့်ပြည်သူ တွေရဲ့ အခက်အခဲ၊ လိုအပ်နေတဲ့အကူအညီတွေ၊ စစ်ကောင်စီရဲ့အကူအညီပေးနေတယ်ဆိုတဲ့အပေါ် အမြင် တွေကို ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းနဲ့ ဆက်သွယ်မေးမြန်းချက်။
-ရခိုင်မှာအင်အားပြင်းမိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်လို့ ဒေသခံတွေဟာ အသက်ဘေးအပါအဝင် ထိခိုက် မှုတွေအများကြီးကြုံနေရပါတယ်။ ဒီလိုသဘာဝဘေးကြုံရချိန်မှာ စစ်ကောင်စီရဲ့ကယ်ဆယ်ကူညီရေး ဆောင်ရွက်ပေးမှုတွေဟာ ဘယ်လောက်အတိုင်းအတာအထိထိရောက်မှု ရှိပါသလဲ။
ကျွန်တော်တို့ကတော့ စစ်ကောင်စီအနေနဲ့ ဘယ်လောက်ထိကူညီမယ်။ ဘတ်ဂျက်ဘယ်လောက်သုံးမယ်။ နိုင်ငံတကာအကူအညီ၊ ပုဂ္ဂလိက အလှူရှင်တွေရဲ့အကူအညီ၊ အဲဒါတွေကိုတော့ တိတိကျကျမသိပါဘူး။ လက် တွေ့မြေပြင်မှာတော့ ကူညီမှုကအားနည်းနေသေးတယ်။ အစားအသောက်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ မြေပြင်မှာတော့ ဈေးနှုန်းတွေတအားကြီးနေတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေကလည်း ဝယ်မ စားနိုင်ဘူး။ သူတို့မှာလည်း ဝင်ငွေမရှိ၊ အိမ်မရှိ၊ အိုးမရှိဒုက္ခရောက်နေတဲ့ အချိန်အခါမျိုးမှာ အဲဒါကိုသူတို့က အချိန်နဲ့တပြေးညီစနစ်တကျ ကူညီဖို့လိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ အခုမုန်တိုင်းတိုက်ပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာတော့ သူတို့ဘက်ကကူညီနေတယ်။ သူတို့စာရင်းကောက်နေတယ်။ ရေဘေးသင့်ပြည်သူ တွေကို ကူညီမယ်ဆိုတဲ့ စီမံချက်တစ်ခုလုံး ဘယ်လောက်ထိ ထိထိရောက်ရောက်လုပ်နိုင်မလဲ။ ဘယ် လောက် အထိ ကူညီနိုင်မလဲ။ ဘယ်လောက်အထိ စီမံခန့်ခွဲနိုင်မလဲ။ အဲဒါက အရေးကြီးပါတယ်။ အဲဒါတွေကတော့ မုန်တိုင်းတိုက်ပြီး တစ်ရက်၊နှစ်ရက်အတွင်းမှာတော့ ကျွန်တော်တို့ မမြင်သေးဘူး။
– မုန်တိုင်းကြောင့် ရခိုင်စစ်ဘေးရှောင်တွေရဲ့ ထိခိုက်မှုအခြေအနေကိုလည်း သိပါရစေ။
သူတို့အတိအကျ ရွာပြန်ခိုင်းတာတွေ ရှိတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေက မသွားချင်ဘူးပေါ့။ ရွာတွေ မီးရှို့တာတွေ၊ အိုးအိမ်တွေပျက်စီးသွားတာတွေ၊ လယ်ယာခွင်သွားမယ့်လမ်းတွေမှာ မိုင်းတွေရှိတယ်။ မလုံခြုံဘူးပေါ့ ။ ပြောင်းသွားရင်တောင် သူတို့ စားဝတ်နေရေးအခက်အခဲရှိတယ်။ နောက်တစ်ခါ တိုက်ပွဲတွေကလည်း အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်။ နောက်တစ်ခေါက် ပြန်ပြေးလာနိုင်တဲ့ သဘောရှိတယ်။ အဲဒါကို တွေးပြီး တော့ ဒုက္ခသည်အများစုက မသွားချင်ဘူးပေါ့။ အခွင့်အရေးပေးပြီးတော့ ငွေလေး၄၊ ၅၊ ၆သိန်းပေးပြီးတော့ နေရပ်ကို ပြန်ခိုင်းတာပေါ့။ အဲဒီလို မပြောင်းဘူးဆို သူတို့ထောက်ပံ့ မပေးဘူးပေါ့။ အဲဒီလိုအကျပ်ကိုင်တော့ တချို့လည်း ပြန်ကြတယ်။ တချို့လည်း မယူဘူးပေါ့။ နေခဲ့တာရှိတယ်။ အဲဒီလူတွေအတွက် အိမ်ပြန်ဖို့ကတော့ မသေချာဘူးပေါ့။ မုန်တိုင်းဝင်တိုက်တဲ့အချိန် ဆောက်ထားတဲ့ ရွက်ဖျင်မိုးတွေက အကုန်လုံးပြိုကျသွားတာပေါ့။ အဲ့လူတွေက ရေဘေးဒုက္ခပြန်ပြီး ခံစားရတာပေါ့။
– စစ်ကောင်စီဘက်အနေနဲ့ မုန်တိုင်းကျရောက်မှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွက် ကြိုတင်ကာကွယ်လုပ်ဆောင်ပေးမှုတွေ ပွင့်လင်းမြင်သာမှု ရှိခဲ့ပါသလား။
ရခိုင်ပြည်မြောက်ပိုင်းစစ်တွေကဖြတ်မယ်ဆိုပြီး မိုးဇလပညာရှင်တွေရော၊ နိုင်ငံတကာ ပညာရှင်အဖွဲ့အစည်း တွေကရော ကြိုပြီးအသိပေးနေတဲ့အတွက် ရွာသားတွေအနေနဲ့ အထူးသဖြင့် မြေနိမ့်တဲ့ ပင်လယ်ကမ်းစပ်ရွာ တွေပေါ့။ ကုန်းမြင့်ရှိတဲ့ တောတောင်တွေရှိတဲ့ နေရာတွေကို ပြောင်းရွေ့နိုင်ခဲ့တယ် ။ အဲဒီလိုရွှေ့ဖို့အတွက် စစ်ကောင်စီဘက်က လုပ်ဆောင်ဖို့ အားနည်းနေခဲ့တယ်။ သူတို့ကကြေငြာချက်ထုတ်ရုံပဲ ထုတ်ခဲ့တယ်။ တ ကယ်တမ်းမြေပြင်မှာ အဲဒီလူတွေ ပြေးဖို့၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ နေထိုင်စားသောက်ရေးလုပ်ငန်း တွေ၊ နေထိုင်ရေးလုပ်ငန်းတွေ အဲဒါကို စစ်ကောင်စီဘက်က ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ UNAပဲ တကယ်ကို ထိထိရောက်ရောက်လုပ်ခဲ့တယ်။ မုန်တိုင်းပြီးတဲ့အခါမှာလည်း စနစ်တကျရွာပြန်ဖို့ လုပ်ခဲ့တဲ့အခြေအနေလည်း ရှိတာပေါ့။ ရခိုင်ပြည်တောင်ပိုင်းမှာတော့ အဲဒီလောက်ထိ ပြဿနာမရှိဘူး။ စစ်တွေပတ်ဝန်းကျင်မြောက်ပိုင်း မြို့နယ်တွေတော့ မုန်တိုင်းဒဏ်ခံလိုက်ရတာ ရှိတယ်။ အထူးသဖြင့် အရေးပေါ်ကယ်ဆယ်ရေးပေါ့။ ပြန်လည်ထူ ထောင်ရေးပေါ့။ အဲဒီအပိုင်းကို အများကြီးလုပ်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်နိုင်အောင်လည်း အစိုးရဘက်ရော၊ နိုင်ငံတကာကပါ အားလုံးကူညီလုပ်ဆောင်မယ်ဆို မူလအခြေအနေကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်သွားနိုင် မယ်။ အခုတော့ ကူညီမှုတွေ အားနည်းနေသေးတယ်။
-မုန်တိုင်းသင့်ရခိုင်ပြည်သူတွေအတွက် အဓိကလုပ်ဆောင်ပေးရမယ့် ကိစ္စတွေလည်း ပြောပြပေးပါဦးခင်ဗျာ့။
တကယ့်ခိုင်ခိုင်မာမာ ဆောက်ထားတဲ့ အဆောက်အဦးတွေမှာတောင်မှ (၅၀)ရာခိုင်နှုန်းအထိက ပြိုကျသွားတာ ပေါ့။ ပထမဆုံးက သူတို့နေထိုင်မှုတွေပေါ့။ သူတို့အိမ်တွေကို သူတို့ပြင်ဆင်ဖို့လိုတယ်။ တချို့မြစ်ကမ်းစပ်ရွာ တွေဆို အကုန်လုံးပျက်စီးသွားတာပေါ့။ လုပ်ငန်းခွင်ကို ပြန်ဝင်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ အမိုးအကာအောက်ကို လုံလုံခြုံခြုံ ရောက်သွားဖို့၊ အလုပ်မလုပ်နိုင်ခင်မှာ အရင်းအနှီးတွေဆုံးရှုံးသွားတာရှိတယ်။ ပိုက်တို့၊ မျိုးစပါးတို့ တခြားအသုံးအဆောင်တွေပါသွားလို့ ဒုက္ခရောက်နေကြတယ်။ ပထမဆုံး သူတို့အမိုးအကာအောက်ကို လုံလုံ ခြုံခြုံရောက်ဖို့ နဲ့ သူတို့စားဝတ်နေရေးအတွက် ဆေးဝါးကုသဖို့အတွက် အဲဒီပစ္စည်းတွေက အမြန်ဆုံးရောက်ဖို့ လိုတယ်။ ကူညီနိုင်ဖို့လိုတယ်။ အဲဒါကပထမဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ ဒုတိယလိုအပ်ချက်က သူတို့ပြန် လည်ထူထောင်ရေး၊ အိမ်တွေပြန်ဆောက်ပေးဖို့ သူတို့စီးပွားရေးက ဆုံးရှုံးသွားတာရှိတယ်။ ဥယျာဉ်ခြံမြေတွေ၊ လယ်ကွင်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေစသဖြင့် သူတို့ရဲ့ ဆုံးရှုံးသွားတဲ့လုပ်ငန်းတွေကို ပြန်လည်ထူထောင်နိုင် အောင် အစိုးရကကူညီဖို့လိုတယ်။ နောက်ထပ်လိုအပ်သမျှကို မူလအခြေအနေရောက်ဖို့က တော်တော်ခက်ခဲ တယ်။ အဲဒီလိုအခြေအနေရောက်အောင် အစိုးရကလည်း နဲ့ နိုင်ငံတကာက တတ်နိုင်သမျှ ကူညီဖို့ စီမံခန့်ခွဲရေး လုပ်ငန်းတွေကို တိတိကျကျ နဲ့ လုပ်ပေးနိုင်ဖို့လိုတယ်။ လောလောဆယ်တော့ အမိုးအကာနဲ့ စားရေး သောက်ရေးပဲ ရှိပါတယ်။
-ရခိုင်ပြည်နယ်မှာ မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးချိန်မှာ ဘယ်ဒေသက အထိအနာဆုံးဖြစ်ပြီး ဘယ်ဒေသ က ပြန်လည်ထူထောင်ဖို့ အခက်ခဲဆုံးဖြစ်နေပါသလဲ။
မုန်တိုင်းဖြတ်သွားတဲ့နေရာကတော့ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏာန်းကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မောင် တော၊ ပေါက်တော အဲဒီနေရာတွေမှာက အကုန်လုံးအိမ်တွေပျက်စီးသွားတာ၊ ရွာလုံးကျွတ် ပျက်စီးသွားတာ တွေလည်း ရှိတယ်။ အဲဒီနေရာတွေကို ဦးစားပေးပြီး လုပ်ဖို့လိုပါတယ်။ အချက်အလက်တွေ ကောက်ပြီး စနစ် တကျ ပံ့ပိုးပေးဖို့ လိုပါတယ်။ နေရေးထိုင်ရေးပေါ့။ သူတို့ အဆောက်အအုံတွေ ပျက်သွားတာတို့၊ သူတို့ ဓနိမိုး ဝါးထရံကာ ဆင်းရဲတဲ့လူတွေနေတဲ့ နေရာတွေကို ဦးစားပေးပြီး လုပ်ပေးဖို့ လိုတယ်။ မျိုးစပါးတွေ ပါသွားတာ ရှိတယ်။ နေ့စဉ်လုပ်စားနေတဲ့ လှေတွေ၊ ပိုက်တွေ လုပ်ငန်းခွင်အသုံးအဆောင်တွေပေါ့ ။ လိုအပ်ချက်တွေကို ကူညီဖို့လိုတယ်။ ၉၀ရာခိုင်နှုန်းလောက်က ပျက်စီးသွားတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရော၊ CSO တွေရော၊ မြန်မာစစ်တပ်ရော ကူညီဖို့တာဝန်ရှိတယ်။ ထိထိရောက်ရောက် အောင်မြင်မလဲဆိုတာတော့ စောင့်ကြည့်ရမယ့် အခြေအနေရှိပါတယ်။
– မနေ့က NUGဘက်ကနေ ရခိုင်မှာ မုန်တိုင်းကြောင့် လူ (၄၃၅) ယောက်သေဆုံးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ လက်ရှိမြေပြင်ခြေအနေနဲ့ဆိုရင်ကော အရေအတွက်က ပိုတိုးလာဖို့ရှိနေပါသလားခင်ဗျ။
၄၀၀ကျော်ဆိုတဲ့ သေဆုံးမှုအတွက် ကျွန်တော်တို့က အတည်မပြုနိုင်ဘူး။ မြေပြင်အခြေအနေအရတော့ အများကတော့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြတယ်။ အဲဒီလောက် ပမာဏများများစားစားပေါ့ ။ အပေါ်မှာတော့ အဲဒီလို ၄၀၀ပေါ်မှာတော့ ကျွန်တော်မဆွေးနွေးချင်ဘူး။ ဒါပေမယ့် တချို့တစ်ဝက်တော့ ရှိကောင်းရှိနိုင်တယ်။ အရေအတွက် သိပ်မများရင်တောင် ဆယ်ဂဏန်းတော့ ရှိလောက်တယ်။ ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည်လများ နေထိုင်လာခဲ့ကြတယ် ။ နေအိမ်ခိုင်ခိုင်မာမာမရှိဘူး။ အစိုးရအနေနဲ့ အဲဒီလိုနေရာတွေကို သွားပြီးတော့ ကယ် ဆယ်ရေးလုပ်ငန်းတွေ ကြိုတင်ပြီး မလုပ်ထားနိုင်ဘူး။ ပြည်သူတွေကို ကုန်းမြင့်ရှိတဲ့ နေရာတွေကို ပြောင်းရွှေ့ ဖို့အတွက် သူတို့ကစည်းရုံးပြီး မခေါ်နိုင်ဘူး။ အဲဒါကြောင့် ဒီလိုအစုလိုက်အပြုံလိုက် သေသွားကြတယ်လို့ ကျွန် တော်တို့က အကုန်လုံးခန့်မှန်းကြတယ်ပေါ့။ သူတို့ကို နေရာပေးမယ်ဆိုလည်း ပေးပေါ့။ နိုင်ငံတကာ အကူအည နဲ့ အဆင့်အတန်းမီ နေနိုင်တဲ့ရွာတွေ ဖြစ်စေချင်တယ်ပေါ့။ အဲဒီလိုဆို ဒီလောက်ထိ ထိခိုက်မှုတွေရှိမှာ မဟုတ် ဘူးလို့ပြောချင်တယ်။