ဘေဂျင်း၊ မေ(၁၉)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ပတ်သက်ပြီး ဟာသပျက်လုံးတစ်ခုကို ထည့်သွင်းမိခဲ့တဲ့ ဟာသ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို အာဏာပိုင်တွေက ယွမ်သန်းတဲ့ချီတဲ့ဒဏ်ငွေရိုက်ခဲ့ပြီး ဥပဒေအရ အရေးယူခံရ မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဘေးဂျင်းမြို့မှာကျင်းပခဲ့တဲ့ House လို့ အမည်ရတဲ့တင်ဆက်မှုတစ်ခုမှာ လီဟောင်ရှီ ဟာ တရုတ်တပ်မတော်ရဲ့ ကြွေးကြော်သံကို ရည်ညွှန်းတဲ့ ဟာသတင်ဆက်မှုကို ပြုမူခဲ့တာပါ။ 

လီက အဲဒီတင်ဆက်မှုမှာ ရှဉ့်တစ်ကောင်ကို လိုက်ဖမ်းနေတဲ့ သူရဲ့အိမ်မွေးခွေးတွေကို ကြွေးကြော်သံမှာ ပါဝင်တဲ့အတိုင်းထည့်သွင်းပြောဆိုပြီး ဟာသအဖြစ်တင်ဆက်ခဲ့တာဖြစ်ပါတယ်။

ဘေဂျင်းရဲ့ ရိုးရာနဲ့ ခရီးသွားလုပ်ငန်းစီမံရေးဗျူရိုကတော့ ဌာနအနေနဲ့ ပြည်သူလူထုမှ သတင်းပေးပို့တိုင်ကြား ပြီးနောက်မှာ လီရဲ့ကုမ္ပဏီကို စစ်ဆေးနေပြီး အဲဒီပျက်လုံးဟာ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်းတွေ့ရှိခဲ့သလို ဆိုးရွားတဲ့ လူထုအကျိုးသက်ရောက်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ရှောင်ဂူအိုယဉ်ကျေးမှုမီဒီယာရဲ့သတင်းပေးပို့ချက်အရ ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၂.၁၃မီလီယမ် ဒဏ်ခတ်ခံရနိုင်ပြီး အနာဂတ်ကာလမှာလည်း ဘေဂျင်းနဲ့ ရှန်ဟိုင်းမှာ ဖျော်ဖြေတင်ဆက်မှုတွေကို တားမြစ် ခံရနိုင်ဖွယ်ရှိကြောင်းလည်း သိရပါတယ်။

ဥပဒေအရ လီကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်တယ်လို့ ဘေဂျင်းရဲတပ်ဖွဲ့ကလည်း ပြောကြားထားပါတယ်။

တရုတ်အာဏာပိုင်တွေဟာ မီဒီယာနဲ့ အနုပညာဖော်ပြမှုဆိုင်ရာ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ထားပြီး အွန်လိုင်း Censorship ဥပဒေကိုလည်း တင်းကျပ်ထားတာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပြင်းထန်တဲ့ အမျိုးသားရေးကို မြှင့်တင်ခဲ့ပြီး စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ထားသလို ပြည်တွင်း ဝါဒဖြန့်ချိရေး လှုပ်ရှားမှုတွေကိုလည်း တိုးမြှင့် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.