နေပြည်တော် – မေ(၁၇)
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ဆက် လက်တည်ထောင်ခွင့် လျှောက်ထားကြတဲ့ပါတီတွေထဲက (၁၆) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့်ပေးထားပါတယ်။
မေလ(၁၇) ရက်နေ့မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၉) နဲ့အညီ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီနဲ့ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီတို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်တယ်လို့ ဝါဒဖြန့် သတင်းစာမှာဖော်ပြထားတာပါ။
စစ်ကောင်စီက သူတို့ကျင်းပပေးမယ်ဆိုတဲ့ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ဇန် နဝါရီလနှောင်းပိုင်းကစပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို အသစ်ပြဌာန်းပြီးနောက် ရက်ပေါင်း(၆၀) အတွင်း UEC ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း စစ်ကောင်စီထံ ပထမဆုံးမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပြည်ထောင် စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပြီးခဲ့တဲ့ ဧပြီလ(၂၀) ရက်နေ့က စတင်ခွင့် ပြုပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
သတ်မှတ်ရက်ပေါင်း (၆၀) အတွင်းပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားကြတဲ့ နိုင်ငံ ရေးပါတီ (၆၃) ပါတီအထိရှိခဲ့ပြီး စစ်ကောင်စီထံ လာရောက်မှတ်ပုံမတင်တဲ့ နိုင်ငံရေး ပါတီ (၄၀) ကိုတော့ ပါတီအဖြစ်ကနေ အလိုအလျက်ပျက်ပြယ်တယ်လို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -MOI