မော်လမြိုင်၊ မေ(၁၇)

ပရီးမီးယားလိဂ်ကလပ်မန်ယူနိုက်တက်အသင်းကို ဝယ် ယူနိုင်ဖို့အတွက် အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေပြုလုပ်နေခဲ့တဲ့ ကာတာဘီလျံနာရှိတ်ဂျာဆင်းအနေနဲ့ အဆင်မပြေမှုများစွာရှိနေခဲ့ပေမယ့်နောက်ဆုံးအကြိမ်အဖြစ်တန် ကြေးထက်ပိုတဲ့ ကမ်းလှမ်းမှုတွေနဲ့အတူ ထပ်မံကမ်းလှမ်းဖို့ရှိနေကြောင်း Daily Mail ရဲ့ဖော်ပြချက်အရသိရပါတယ်။

ကာတာဘီလျံနာရှိတ်ဂျာဆင်းအနေနဲ့ မန်ယူနိုက်တက်အ သင်းရဲ့ ရှယ်ယာအလုံးစုံကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းနေခဲ့တာဖြစ်ပြီး ၁၀၀ ရာခိုင် နှုန်းပြည့် ပိုင်ဆိုင်မှုအတွက် ပေးချေရဖို့ရှိနေတဲ့ ကြွေးမြီပေါင် သန်း ၅၀၀ ကိုပါပေး ချေဖို့ ကမ်းလှမ်းထားခဲ့တာပါ။

မန်ယူနိုက်တက်အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုအနေနဲ့ လာမယ့် ၂၀၂၃-၂၄ ဘောလုံးရာသီသစ်မတိုင်မီ အပြီးသတ်ရောင်းချနိုင်ဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပြီး ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာဂျင်ရက်ကလစ်ဖ်နဲ့ ကာတာဘီလျံနာ ရှိတ်ဂျာဆင်းတို့က အပြိုင်ကမ်းလှမ်းနေခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ ကာတာဘီလျံနာရဲ့ကမ်းလှမ်းမှုအသစ်က ဂလေဇာမိသားစုအတွက် မက်လောက်စရာ အတိုင်းအတာတစ်ခုအဖြစ်ရှိနေခဲ့ပြီး လာမယ့်ရက်ပိုင်းအတွင်း ညှိနှိုင်းမှုအချို့ထပ်မံပြုလုပ်ဖို့ရှိနေတယ်လို့ ဗြိတိန် မီဒီယာတွေက ရေးသားနေကြတာပါ။

မန်ယူနိုက်တက်ပရိသတ်အများစုကတော့ ဗြိတိန်နယ်ခံဘီလျံနာကိုပဲ ရောင်းချဖို့ တောင်းဆိုမှုအချို့ပြုလုပ်နေခဲ့ပေမယ့် အချို့သောပရိသတ်တွေကတော့ မြို့ခံပြိုင် ဘက်မန်စီးတီးရဲ့ အောင်မြင်မှုတွေကို တန်ပြန်နိုင်ဖို့အ တွက် ငွေကြေးစိုက်ထုတ်မှုပိုများနိုင်မယ့် ကာတာဘီလျံနာကို အလိုရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

Ref-Daily Mail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.