စတော့ဟုမ်း၊ မေ(၁၇)
Crypto နဲ့သက်ဆိုင်တဲ့ ဥစ္စာဓနတွေအတွက် ကမ္ဘာ့ပထမဆုံးသော စည်းမျဉ်းစည်းကမ်းတွေကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အင်္ဂါနေ့မှာချမှတ်ခဲ့ပြီး ဗြိတိန်နဲ့ အမေရိကန်လို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ နိုင်ငံတွေကို ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။
EU ဘဏ္ဍာရေးဝန်ကြီး အစည်းအဝေးက ဧပြီလအတွင်းမှာ အတည်ပြုပေးခဲ့တဲ့ ဥရောပပါလီမန်နဲ့ မတူညီသော စည်းမျဉ်းတွေကိုလည်း အတည်ပြုခဲ့တာပါ။
crypto လဲလှယ်မှုနဲ့ သက်ဆိုင်တဲ့ FTX ပြိုကျပြီးနောက် crypto ကိုထိန်းညှိခြင်းဟာ ပိုမိုအရေးတကြီး ဖြစ်လာ နေပါတယ်။
“မကြာသေးမီကဖြစ်ရပ်တွေအရ ဒီ Crypto မှာ ပိုင်ဆိုင်မှုတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ဥရောပသားတွေကို ပိုမိုကောင်းမွန်စွာကာကွယ်ဖို့နဲ့ ငွေကြေးခဝါချမှု၊ ဘဏ္ဍာရေးဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် crypto အလွဲသုံးစားလုပ်ခြင်းကို တားဆီးမယ့်စည်းမျဉ်းတွေချမှတ်ဖို့အရေးတကြီးလိုအပ်နေလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်” လို့ ဆွီဒင်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
Crypto ကုမ္ပဏီတွေကလည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ သေချာမှုကို လိုလားနေကြပြီး EU စည်းမျဉ်းတွေကို တုပြုရေးသားရေးအတွက် နိုင်ငံတွေကို ဖိအားပေးဖို့နဲ့ နိုင်ငံဖြတ်ကျော်လုပ်ဆောင်မှုတွေအတွက် ကမ္ဘာလုံး ဆိုင်ရာ စံနှုန်းတွေချမှတ်ဖို့ ဥပဒေပြဌာန်းသူတွေအပေါ် ဖိအားပေးနေတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်ပြည်ထောင်စုဟာ စည်းမျဉ်းဥပဒေအသစ်အတွက် ဆုံးဖြတ်ချက်တစ် ရပ်ချမှတ် ချိန်မှာ Crypto ကဏ္ဍတွင် အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ ရှိရင်းစွဲ ဥပဒဒေတွေကိုသာ အသုံးပြုထားတာပါ။
CFTC မှ ကော်မရှင်နာတစ်ဦးဖြစ်တဲ့ ဟေစတာက အမေရိကန်ရဲ့ ဖက်ဒရယ်နဲ့ပြည်နယ်အာဏာပိုင်တွေဟာ Crypto ကဏ္ဍမှာ ဘယ်လိုအခန်းကဏ္ဍကနေ ကြီးကြပ်ရမလဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောကြားခဲ့ပါတယ်။
Ref:Reuters