ဝါရှင်တန် – မေ(၁၇) 

အရှေ့အလည်ပိုင်းနဲ့ မြောက်အာဖရိက(MENA) ဒေသဟာ ၂၀၂၂ ခုနှစ်မှာ ကွပ်မျက်မှု အများ ဆုံးနိုင်ငံတွေမှာ ရှေ့ဆုံးက ဦးဆောင်လာခဲ့ပြီး ငါးနှစ်အတွင်း စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိ ခဲ့တဘ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ 

မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်မှာ (၅၂၀)ဦးကနေ (၈၂၅) ဦးအထိ မြင့်တက်လာခဲ့ပြီး ဒေသတွင်း မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကွပ်မျက်သူတွေဖြစ်တဲ့ ဆော်ဒီ၊အီရန်နဲ့ အီဂျစ်နိုင်ငံတွေမှာ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားတာပါ။ 

“အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသရှိ နိုင်ငံများဟာ ၂၀၂၂ ခုနှစ်တွင် သေဒဏ်စီရင် မှုများကို အရှိန်မြှင့်လာသောကြောင့် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ လူ့အသက်ကို လျစ် လျူရှုထားကြောင်း ထုတ်ဖော်ပြသနေပြီး သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ လူအရေအတွက်ဟာ ဒေသအနှံ့မှာ သိသိသာသာ မြင့်တက်လာတယ်” AI ရဲ့ အထွေထွေအတွင်း ရေးမှူးက ပြောပါတယ်။ 

အီရန်မှာ လူထုအုံကြွမှုကို အဆုံးသတ်ဖို့အတွက် ဆန္ဒပြ ပြည်သူတွေကို ကွပ်မျက်ဖို့စီစဉ်နေသလို ဆော်ဒီနိုင်ငံမှာလည်း ၂၀၂၂ ခုနှစ် မတ်လ မှာ တစ်ရက်တည်း လူ(၈၁) ဦးကို ကွပ်မျက်ခဲ့တယ်လို့ သူက ပြောပါသေးတယ်။ 

တရုတ်နိုင်ငံပြင်ပမှာ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ သိသာထင်ရှားတဲ့ ကွအ်မျက်မှု(၉၀) ရာခိုင်နှုန်းဟာ MENA နိုင်ငံ သုံးနိုင်ငံမှာသာ အများဆုံးဖြစ်ခဲ့တာလို့ သိရပါတယ်။ 

“အီရန်တွင် မှတ်တမ်းတင်ကွပ်မျက်မှုအဖြစ် ၂၀၂၁ ခုနှစ်တွင် (၃၁၄) မှ ၂၀၂၂ တွင် (၅၇၆) အထိတိုးလာပြီး ဆော်ဒီအာရေဗျတွင်လည်း အလားတူနှစ်တွင် (၆၅) ဦးရေမှ (၁၉၆) အထိ သုံးဆတိုးလာကာ အီဂျစ်တွင်လူ (၂၄) ဦးကိုကွပ်မျက်ခဲ့တဲ့အတွက် နှစ် (၃၀) အတွင်း AI အဖွဲ့မှမှတ်တမ်းတင်ထားချက်အရ အမြင့်ဆုံးဖြစ်သည်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံကတော့ MENA (၃) နိုင်ငံနဲ့ အမေရိကန်တို့ထက် ကမ္ဘာ့အကြီးမားဆုံး ကွပ်မျက်ရေး သမားအဖြစ် ဆက်ရှိခဲ့ပြီး တိကျတဲ့ ကိန်းဂဏန်းတွေမရှိပေမယ့် ပြီးခဲ့တဲ့နှစ်က တရုတ်မှာ သေဒဏ်ချမှတ်ခံရသူ ထောင်နဲ့ချီရှိခဲ့တယ်လို့ AI အဖွဲ့က ပြောထားပါတယ်။ 

ကူဝိတ်နဲ့ ပါလက်စတိုင်း အာဏာပိုင်တွေကလည်း ၂၀၂၂ ခုနှစ်မှာ ကွပ်မျက်မှုတွေကို ပြန်လည် လုပ်ဆောင်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေကြောင့် သေဆုံးသူတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အရင် နှစ်တွေနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ ပိုများလာပြီး ဆော်ဒီမှာ ရာဇဝတ်မှုပေါင်း (၅၇) ခုကို ကွပ်မျက် ခဲ့ သလို အီရန်မှာ (၂၅၅) မှုကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။ 

“မူးယစ်ဆေးနဲ့ ဆက်နွှယ်တဲ့ ကွပ်မျက်ခြင်းတွေဟာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းနဲ့ ပတ်သက်နေပြီး ပြင်းထန်တဲ့ ရာဇ၀တ်မှုတွေအတွက်သာ သေဒဏ်ပေးသင့်တယ်လို့ ဖော်ပြထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်” လို့ AI အရာရှိ က ပြောပါတယ်။ 

ဒါ့အပြင် လူသိများတဲ့ ကွပ်မျက်မှုအားလုံးရဲ့ (၄၀) ရာခိုင်နှုန်းဟာ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ ပြစ်မှုတွေအတွက်ဖြစ်ပြီး ဒါဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်ကြောင့် အချိုးအစားမျှတမှုဟာ မကြာ ခဏဆိုသလို ခံစားနေရတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

ဆော်ဒီမှာ ကွပ်မျက်မှုတွေ နှစ်ဆနီးပါးမြင့်တက်လာပြီးနောက် ဘုရင်ဆယ်လ်မန်နဲ့ သူ့ရဲ့ သား တော် မိုဟာမက်ဘယ်ဆယ်မန်တို့ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက် မှုတွေ အကြောင်းကိုလည်း တက်ကြွလှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။ 

ဧပြီလနှာင်းပိုင်းကစပြီး အီရန်မှာ သေဒဏ်ပေးမှု သိသိသသာသာ အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့ ပြီး ဧပြီလ(၂၅) ရက်နေ့က မေလ(၁၃) ရက်အတွင်း အစိုးရက ကြိုးစင်ပေါ်ကို အကျဉ်းသား(၇၅) ဦးထက်မနည်း စေလွှတ်ခဲ့ပြီး အဲဒီကာလမှာ ပျမ်းမျှသေဒဏ်ပေးမှု ဟာ ခြောက်နာရီခြား တစ်ခါ သေဒဏ်ပေးတယ်လို့ စိုးရိမ်ဖွယ်ရာ အရေအတွက်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: The New Arab

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.