ကရာချီ – မေ(၁၂)
ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဖမ်းဆီးခံရပြီးနောက် ဖြစ်ပွားနေတဲ့ ဆူပူအုံကြွမှုတွေမှာ လူအသေအပျောက်ဖြစ်လာတဲ့အတွက် ပါကစ္စတန်အစိုးရက စစ်တပ်ကို အသုံးပြုသွားမှာ ဖြစ်ပြီး အစိုးရတပ်တွေကိုနောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ဆန္ဒပြသူတွေကို သတိပေးခဲ့ ပါတယ်။
ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းနဲ့ နိုဝင်ဘာလတည်းက နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့ရဲ့ ထောက်ပံ့မှုနှောင့်နှေးတာတွေကြောင့် လူသန်းပေါင်း(၂၂၀) ရှိတဲ့ တောင်အာရှနိုင်ငံဟာ မတည်မငြိမ်ဖြစ်စေတဲ့ အကြမ်းဖက် ဆူပူအုံကြွမှုတွေမှာ အနည်းဆုံးလူ(၅) ဦးသေဆုံးခဲ့တာပါ။
စစ်တမ်းတွေအရ ပါကစ္စတန်ရဲ့ ရေပန်းအစားဆုံး နိုင်ငံရေးခေါင်းဆောင်ဟာ မြေယာလိမ်လည်မှု ကိစ္စနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ထောက်ခံသူတွေဟာ စစ်ဘက်အဆောက်အဦးတွေကို ဝင်ရောက် စီးနင်းခဲ့ပြီး အရှေ့ပိုင်း လာဟိုးမြို့က ထိပ်တန်း စစ်ဗိုလ်ချုပ်တွေရဲ့ နေအိမ်ကို လုယက်တာ တွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တခြားနိုင်ငံတော် အဆောက်အဦးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ဆန္ဒပြသူတွေက မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပါကစ္စတန်ရဲ့ ပြည်နယ်လေးခုမှာ အစ္စလာမာဘတ်တပ်ဖွဲ့ဝင်တွေ ပြန် လည်ချထားဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အစောပိုင်းမှာတော့ အကြမ်းဖက်မှုတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပါကစ္စတန်ရှိ ပါတီအားလုံးကို အကြမ်းဖက်မှုမှ ရှောင်ကျဉ်ဖို့နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို လေးစားဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။
ခန်းအပေါ် တရားမျှတတဲ့ လုပ်ငန်းစဉ်နဲ့ တရားဥပဒေစိုးမိုး၇ေးကို လေးစားလိုက်နာဖို့ကိုလည်း ဂူတာရက်စ်က ပါကစ္စတန်အာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ခန်းရဲ့ မွေးရပ်ပြည်နယ်မှာလည်း အကြမ်းဖက်မှုအတွက် ဆန္ဒပြသူ တစ်ထောင်ကျော်ကို ရဲတပ်ဖွဲ့ ကဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။
ခရစ်ကတ်ကြယ်ပွင့်ကနေ နိုင်ငံရေးသမား တစ်ဦးဖြစ်လာတဲ့ ခန်းဟာ ပါလီမန်မှာ အယုံအကြည် မရှိမဲနဲ့ ၂၀၂၂ ခုနှစ် ဧပြီလမှာ ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံခဲ့ရတာဖြစ်ပြီး အစ္စလာမာဘတ် မြို့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တာဖြစ် ပါတယ်။
အဲဒီနောက် နိုဝင်ဘာလမှာတော့ သူ့ရဲ့ယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ပေမယ့် ရာထူး က နုတ်ထွက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref: CNA