ကန်ဘာရာ – မေ(၁၂)
ဩစတြေးလျနိုင်ငံမှာ သားပိုက်ကောင်တွေကို ထုတ်ကုန်တွေအတွက် သုတ်သင်ရှင်းလင်းတာ တွေရှိနေပေမယ့် သူတို့ရဲ့ မျိုးပွားမှုနှုန်းကို သေချာမစစ်ဆေးရင် ဆိုးရွားတဲ့အခြေအနေနဲ့ သေဆုံး နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအတွက် သားပိုက်ကောင်တွေဟာ အထင်ရှားဆုံး သင်္ကေတ ဖြစ်ပေမယ့် နိုင်ငံအတွက်မှာတော့ အဲဒီတိရိစ္ဆာန်တွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာ ကို အဓိက ဖန်တီးနေတာလို့ ဆိုနေကြတာပါ။
သားပိုက်ကောင်တွေဟာ ကောင်းမွန်စိုစွတ်တဲ့ ရာသီဥတုနဲ့ ပြည့်စုံလုံလောက်တဲ့အစားအစာ ရှိနေ တဲ့အတွက် အကောင်ရေ သန်းဆယ်နဲ့ချီပေါက်ဖွားနိုင်တဲ့ မျိုးစိတ်တွေဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေဟာ စပါးခင်းတွေကို အလျင်အမြန်စားသုံးနိုင်ကပေမယ့် အစာရေဆာ ပြတ်လပ်သွား ချိန်မှာတော့ အစုလိုက်အပြုံလိုက် သေဆုံးနိုင်တဲ့ သဘာဝရှိတယ်လို့ ဂေဟပညာရှင် တစ်ဦးက သတိပေးထားပါတယ်။
“နောက်ဆုံးအကြိမ် မိုးခေါင်ချိန်တုန်းကဆို အချို့ဧရိယာတွေထဲက သားပိုက်ကောင် ၈၀/၉၀ ရာခိုင်နှုန်းလောက်သေသွားခဲ့ကြတယ်။ သူတို့က အစာပြတ်တာနဲ့ သေကုန်ကြတယ် ဒါမှမဟုတ် အများပြည်သူသုံးအိမ်သာထဲဝင်ပြီး အိမ်သာသုံးစက္ကူတွေကိုလည်း စားကြတယ်၊ ဆာလောင် တဲ့အခါဆိုလည်း လမ်းတွေပေါ်မှာ အိပ်နေ လဲလျောင်းနေကြပြန်ရော” လို့ ဂေဟပညာရှင် မစ္စမို့စ်ဘီ က သတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။
ဒါ့အပြင် စစ်ဆေးအတည်ပြုထားတဲ့ အရေအတွက်ကို ထိန်းသိမ်းထားပြီး သားပိုက်ကောင်တွေ ကို အဲဒီအခြေအနေက ကယ်တင်နိုင်မယ့် နည်းလမ်းဟာ သူတို့ကို ပစ်သတ်တာနဲ့ အသားဖြတ် တာသာဖြစ်တယ်လို့ ပြောပါသေးတယ်။
“ဒီလိုလုပ်မှလည်း ကျွန်မတို့ မိုးခေါင်ချိန်ရောက်တဲ့အခါ အကောင်အရေအတွက်ကို လျှော့ချပြီး သားဖြစ်မယ်၊ သူတို့အတွက် အစာဖူလှုံရေးပြဿနာဟာလည်း ရှိမှာမဟုတ်တော့ဘူး။ အကယ်လို့ ကျွန်မတို့ကသာ ရင်းမြစ်တစ်ခုအဖြစ် မြင်တယ် ပြီးတော့ ဒီအတိုင်းစီမံထားမယ်ဆိုရင် ကျွန်မတို့ မကြာခင်မှာ သားပိုက်ကောင်တွေ အစာငတ်ပြီးသေဆုံးတာတွေ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး” လို့ မစ္စမို့စ်ဘီ က ပြောပါတယ်။
သားပိုက်ကောင်တွေကို ဩစတြေးလျမှာ ထိန်းသိမ်းထားပေမယ့် အဓိက မျိုးစိပ်တွေ မျိုးတုံး ပျောက်ကွယ်တာမရှိသေးတဲ့အတွက် တရားဥပဒေက ခွင့်ပြုထားတဲ့အတိုင်း ပစ်သတ်နိုင်ပြီး ပစ်သတ်နိုင်ဖို့အတွက်အစိုးရရဲ့ ခွင့်ပြုချက်တော့ တောင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။
ဩစတြေးလျနိုင်ငံမှာ အသား၊အိမ်မွေးတိရိစ္ဆာန်အစာနဲ့ သားရေထုတ်လုပ်တဲ့ အိမ်တွင်း စက်မှု လုပ်ငန်းတွေကို အားပေးမြှင့်တင်တဲ့ တစိတ်တပိုင်းအဖြစ် သားပိုက်ကောင် (၅) မီလျံကို နှစ်တိုင်း လိုလို ပစ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းတွေမှာ မိုးခေါင်ရေရှားမှုဒဏ်ခံရပြီးနောက် တစ်နိုင်ငံလုံးမှာ သားပိုက်ကောင် သန်း(၃၀) အောက်အထိကျဆင်းသွားပေမယ့် မကြာခင်မှာ သန်း(၆၀) အထိ ပြန်လည်ရောက်ရှိနိုင်တယ်လို့ Kangaroo Industry Association က မစ္စတာ ဒဲနစ်ကင် က ပြောခဲ့ပါတယ်။
Ref: The Straits Times