ကွာလာလမ်ပူ – မေ(၁၁) 

မလေးရှားနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဆီဗာကူးမားရဲ့ အကူဝန်ထမ်း (၅) ဦးကို အဂတိလိုက်စားမှုနဲ့ အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ဆိုပြီး ရာထူး ကထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ 

မစ္စတာဆီဗာကူးမားက အဲဒီအရာရှိတွေကို ထုတ်ပယ်လိုက်တယ်လို့ လည်း သတင်းထောက် တွေကို အတည်ပြုထားပါတယ်။ 

“အဲ့ဒီလုပ်ဆောင်ချက်ဟာ ဒီဝန်ကြီးဌာနအတွက် ချောမွေ့ပြီးကောင်းမွန်တဲ့ သဘောတရား အတိုင်း ရှေ့ဆက် အလုပ်လုပ်သွားနိုင်ဖို့ သေချာစေမှာပါ” လို့ဝန်ကြီးက ပြောခဲ့ပါတယ်။ 

ဒါပေမယ့် အဲဒီဝန်ထမ်းတွေမှာ ဘာအပြစ်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက် တွေရဲ့ မေးမြန်းမှုကိုတော့ တိတိကျကျပြောဆိုခဲ့တာမရှိပါဘူး။ 

သတင်းရင်းမြစ်တစ်ခုက ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ညွှန်ကြားချက်နဲ့ အရာရှိ(၅) ဦးကို ရာထူးက ထုတ်ပယ်ခဲ့တာဖြစ်ပြီး အဲဒီထဲက ဝန်ထမ်းတစ်ဦးကိုတော့ ပြည်သူ့ဝန်ဆောင်မှု ဦးစီး ဌာနကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။ 

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် အာဏာရလာပြီးနာက်ပိုင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

“ဝန်ထမ်းငါးဦးကို ထုတ်ပယ်ခဲ့ပြီး တဦးကိုတော့ အရပ်ဘက်ဝန်ထမ်းဖြစ်လို့ ပြောင်းရွှေ့ချထား ခဲ့ပြီး အခုအဲဒီမှာ အလုပ်လုပ်နေတဲ့ အရာရှိတစ်ဦးပဲ ရှိပါတယ်” လို့သတင်းရင်းမြစ်က ပြောပါ တယ်။ 

ပြီးခဲ့တဲ့ ဧပြီလက မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်(MACC) က လူ့စွမ်း အား အရင်းအမြစ်ဝန်ကြီးဌာနကို ဝင်ရောက်စီးနင်းပြီးနောက် ရွှေ့ပြောင်းအလုပ်သမား စုဆောင်း ရေးလုပ်ငန်းစဉ်မှာ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်တွေနဲ့ ဝန်ကြီးရဲ့ လက်ထောက်တွေကို ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ဝန်ကြီး မစ္စတာ ဆီဗားကူးမားနဲ့ အတွင်းဝန်တစ်ဦးတို့ ကိုလည်း MACC က စစ်ဆေး မေးမြန်းဖို့ ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။ 

စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးချိန်မှာတော့ ဝန်ကြီးမစ္စတာ ဆီဗာကူးမာဟာ အကျင့်ပျက်ချစားမှု တွေနဲ့ သက်ဆိုင်သူမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ 

နိုင်ငံခြားသား အလုပ်သမားခေါ်ယူမှုမှာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်နေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို စုံစမ်းစစ်ဆေးမှုတွေမပြီးခင်အထိ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေက ရပ်နားထားတယ်လို့ သိရပါတယ်။ 

မလေးရှားဝန်ကြီးချုပ်ကတော့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနရဲ့ အမှုဟာ စုံစမ်းစစ်ဆေး ဆဲ အဆင့်မှာသာရှိနေတဲ့အတွက် စွဲချက်တင်ထားတာမရှိတာကြောင့် ဝန်ကြီးတာဝန်ယူထားတဲ့ မစ္စတာ ဆီဗာကူးမားအနေနဲ့ ရာထူးကထွက်ခွာဖို့မလိုဘူးလို့ သတင်းထောက်တွေကို ပြောထားပါ တယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.