ဘန်း၊ မေ(၁၁)

ဆယ်စုနှစ် (၃) ခုကျော်အတွင်း ဆွစ်ဇာလန်ရဲ့စစ်သားတွေဟာ သူတို့ရဲ့”လက်နက်ကိုင်ကြားနေရေး” ဟူသော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မှုစွမ်းရည်ကို ပြသကာ နိုင်ငံရဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခု အဖြစ် အစမ်းလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

တပ်ဖွဲ့ဝင် (၄၀၀၀) ပါဝင်တဲ့  စစ်ရေးလေ့ကျင့်မှုကို ကိုးရက်ကြာ တပ်ခွဲလေးခုမှာ ဖြန့်ကျက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  ရုရှားကျူးကျော်မှုကို တိုက်ခိုက်ရာမှာ ယူကရိန်းနိုင်ငံကိုကူညီပေးဖို့ တောင်းဆိုမှုတွေကြားမှာ ဥရောပကာကွယ်ရေးအဖြစ် နိုင်ငံရဲ့အခန်းကဏ္ဍကို အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။ 

LUX 23 စစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၁ ခုနှစ်ကတည်းက စီစဉ်ထားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရုရှားရဲ့ကျူးကျော်မှုကို တုံ့ပြန်ရန်အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဆွစ်ဇာလန်စစ်တပ်ကတော့ အဲဒီလေ့ ကျင့်ခန်းတွေအားလုံးဟာ ဒီအခြေအနေနဲ့ ပိုမိုသက်ဆိုင်စေခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။ 

“ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ဆန္ဒနဲ့ အခုလိုလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး လူထုရဲ့ နားလည်မှုမှာ အလွန်ပြောင်းလဲသွားတယ်၊ ဒါက ယူကရိန်းစစ်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်” လို့ ဆွစ်ဇာလန်ရဲ့ နယ်မြေ တပ်မ (၁) မှ တပ်မှူးက ပြောပါတယ်။ 

စစ်နယ်မြေတွေကို လက်နက်တင်ပို့မှု တားမြစ်ချက်ကို အဆုံးသတ်ဖို့ ဆွစ်ဇာလန်ကို လူထုနဲ့နိုင်ငံတကာရဲ့ ဖိ အားတွေ တိုးလာနေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအုပ်စုအချို့ကတော့ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ ဘက်မလိုက်မှု အစဉ်အလာအဆုံးသတ်သွားမှာကိုလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ 

“တိုက်ခိုက်ခံနေရတဲ့နိုင်ငံကို ထောက်ပံ့ဖို့ လိုအပ်တာ၊ ရန်လိုသူအတွက် လာရောက်ဆွေးနွေးအဖြေရှာဖို့ နေရာတစ်ခုလိုအပ်တာကို လူတွေက ရောထွေးနေတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်” လို့ ဂျနီဗာ ကန်တန်ရဲ့လုံခြုံရေး၊ လူဦးရေနဲ့ ကျန်းမာရေးဌာန ပြည်နယ်ကောင်စီဝင်က ဆိုပါတယ်။ 

“တံခါးပိတ်ထားတာထက် ပိုဆိုးတာ မရှိပါဘူး၊ ဆွစ်ဇာလန်ဟာ အဲဒီအတွက် အမြဲရှိနေတဲ့ ထွက်ပေါက်တံခါး ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီတံခါးကို ကာကွယ်ရမယ်” လို့ သူကပြောကြားခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.