နိုင်ငံရဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ဆွစ်ဇာလန်အာရုံစိုက်ပြုလုပ်နေ
ဘန်း၊ မေ(၁၁) ဆယ်စုနှစ် (၃) ခုကျော်အတွင်း ဆွစ်ဇာလန်ရဲ့စစ်သားတွေဟာ သူတို့ရဲ့”လက်နက်ကိုင်ကြားနေရေး” ဟူသော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မှုစွမ်းရည်ကို ပြသကာ နိုင်ငံရဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခု အဖြစ် အစမ်းလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ တပ်ဖွဲ့ဝင် (၄၀၀၀) ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ကိုးရက်ကြာ တပ်ခွဲလေးခုမှာ ဖြန့်ကျက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားကျူးကျော်မှုကို တိုက်ခိုက်ရာမှာ ယူကရိန်းနိုင်ငံကိုကူညီပေးဖို့ တောင်းဆိုမှုတွေကြားမှာ ဥရောပကာကွယ်ရေးအဖြစ် နိုင်ငံရဲ့အခန်းကဏ္ဍကို အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။…