ဂျကာတာ – မေ(၁၀)
အင်ဒိုနီးရှားမှာ သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းထားတဲ့ စိတ်ကြွဆေးပြား (၅) ကီလိုဂရမ်ကို ရောင်းဝယ် ဖောက်ကားခဲ့တဲ့ ရဲအရာရှိတစ်ဦး ထောင်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရဲအရာရှိဟာ မူးယစ်ဆေးဝါးရောင်းချဖို့အတွက် သက်သေအဖြစ်သိမ်းဆည်းရမိထားတဲ့ စိတ်ကြွဆေးပြားတွေကို ပိုတက်စီယမ်ကျောက်ချဉ်နဲ့ လဲလှယ်ဖို့ သူ့ရဲ့ လက်အောက်ငယ်သား ကို အမိန့်ပေးခဲ့တာပါ။
သူဟာ အနောက်ဆူမားတြားခရိုင်ဒေသန္တရရဲ့ အကြီးတန်းရဲအရာရှိတစ်ဦးဖြစ်ပြီး အရပ်သား ပြည်သူတွေကို ကြားခံကာ မူးယစ်ဆေးဝါးချောင်းချတာတွေလုပ်နေတာဖြစ်တယ်လို့ တရားရုံး မှာ စစ်ဆေးပေါ်ပေါက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ရဲအရာရှိရဲ့ ရှေ့နေဟာ အယူခံဝင်သွားမှာဖြစ်တယ်လို့ တရားရုံးပြင်ပမှာ မီဒီယာတွေကိုပြောခဲ့ ပါတယ်။
အစိုးရရှေ့နေတွေကတော့ ပူထရာကို သေဒဏ်ပေးနိုင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် တရားသူကြီး တွေက သူ့ရဲ့ နှစ်(၃၀) ကျော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်းလုပ်သက်အတွက် ပြစ်ဒဏ် လျော့ပါးသက်သာခွင့်ပေးခဲ့တာဖြစ်တယ်လို့ ဆိုနေကြပါတယ်။
အယူခံမအောင်မြင်ခဲ့ရင်တော့ မစ္စတာ ပူထရာဟာ အသက်သေဆုံးချိန်အထိ သံတိုင်တွေအ နောက် မှာ နေထိုင်သွားရတော့မှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အပြင်းထန်ဆုံး မူးယစ်ဆေးဝါးနှိမ်နင်းရေး ဥပဒေကို ပြဌာန်း ထားသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို သေဒဏ်အထိချမှတ်နိုင်တယ် လို့ သိရပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ အင်ဒိုနီးရှားမှာ ၂၀၂၁ ခုနှစ် အတွင်း မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေထဲက (၈၂) ရာခိုင်နှုန်း၊ လူ(၁၁၄) ဦးကို သေဒဏ် ပေးထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Ref:CNA