ဆစ်ဒနီ၊ မေ(၁၀)
သြစတြေးလျနိုင်ငံသား သတင်းထောက်၊ ရုပ်သံတင်ဆက်သူကို တရုတ်နိုင်ငံမှာ ရက်ပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် ပြန်လွှတ်ပေးပြီး မိသားစုနဲ့ဆုံတွေ့ခွင့်ပေးဖို့ ကန်ဘာရာက တောင်းဆို လိုက်ပါတယ်။
တရုတ်အစိုးရပိုင် CGTN သတင်းဌာနရဲ့ အကြီးတန်းသတင်းတင်ဆက်သူ ချန်လေဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ပျောက်ကွယ်သွားခဲ့ပြီ နောက်ပိုင်းမှာ နိုင်ငံပိုင်လျှို့ဝှက်ချက်တွေကို ပြည်ပနိုင်ငံတွေသို့ ထောက် ပံ့ပေးမှုဖြင့် စွဲချက်တင်ခံထားရကြောင်း သိရပါတယ်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝန်က နိုင်ငံရေးအရဖြစ်တတ်လွန်းတဲ့ ဒီလိုအမှုမျိုးနဲ့ ထိန်းသိမ်းခံရတဲ့ ရုပ်သံတင်ဆက်သူလေရဲ့ ပြစ်မှုနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။
မစ္စဝန် က “မိသားစုနဲ့ အချိန်အကြာကြီး ခွဲခွာနေရပေမယ့် ခံနိုင်ရည်ရှိကြောင်းသိရပါတယ်။ သြစတြေးလျနိုင်ငံ သားတွေအားလုံးကလည်း သူမိသားစုနဲ့အတူ ပေးဆုံတွေ့စေချင်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကလေးနှစ်ဦးအမေဖြစ်တဲ့ လေဟာ တရုတ်အစိုးရက ဖမ်းဆီးထားထဲ့ နိုင်ငံခြားသားတွေအနက် တစ်ဦးဖြစ်ပါ တယ်။
တရုတ်နဲ့ သြစတြေးလျနှစ်နိုင်ငံကြား သဘောတူညီမှုတွေကို ပြင်ဆင်ဖို့ ကြိုးစားနေချိန်မှာ တရုတ်ပြည်၌ အကျဉ်းချခံရတဲ့ သြစတြေးလျနိုင်ငံသားတွေရဲ့ ကံကြမ္မာကလည်း အတားအဆီး များပြားလာနေတာ ဖြစ်ပါတယ်။
ချန်လေကို ဖမ်းဆီးထိန်းချုပ်ထားခြင်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ “များစွာသော ရပိုင် ခွင့်တွေကို ဥပဒေနဲ့အညီ အာမခံထားပေးပါတယ်” လို့သာ ပြောကြားခဲ့တာပါ။
ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ဝီဘင်က “ချန်လီရဲ့ သံသရဖြစ်ဖွယ်ပြစ်မှုတွေကို သက်ဆိုင်ရာ အရာရှိတွေက ဥပဒေနဲ့အညီအရေးယူထားပါတယ်” လို့ ထပ်မံပြောကြားခဲ့ပါတယ်။
“အခု ရက်ပေါင်း ၁၀၀၀ အကြာမှာတော့ သူမကို ဘာကြောင့် ခေါ်ဆောင်သွားတာလဲ၊ ဘာကြောင့် သူမကို တမင်မရေရာတဲ့ အမျိုးသားလုံခြုံရေး ဖောက်ဖျက်မှုတွေနဲ့ စွဲချက်တင်ခံရတာ ဒါမှမဟုတ် ဘယ်အချိန်က သူမ တို့နဲ့ အတူပြန်လည်ရှိခွင့်ရမလဲဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး” လို့ တနင်္လာနေ့က ထုတ်ဝေတဲ့ The Australian သတင်းစာရဲ့ ဆောင်းပါးမှာရေးသားထားပါတယ်။
သူမကို ဖမ်းဆီးထိန်းသိမ်းချိန်ကတည်းက ချန်လေဟာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့် ကန့်သတ်ခံရပြီး လစဉ် ကောင်စစ်ဝန် ဧည့်တွေ့သာတွေ့ ခွင့်ရတာလည်း ဖြစ်ပါတယ်။
Ref,Straits Times