ပေကျင်း – မေ(၁၀) 

ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တရုတ်သံတမန်တစ်ဦးကို နိုင်ငံက ထွက်ခွါဖို့ကြေညာခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံကလည်း ကနေဒါသံတမန် ဂျန်နီဖာလင်း လာလွန်ဒီကို ထုတ်ပယ်လိုက်ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ကနေဒါဟာ ဟွာဝေးကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်တစ်ဦးကို ဖမ်းဆီးပြီး နောက် တရုတ်နိုင်ငံကလည်း ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ကြတာပါ။ 

 လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံထားရသူတွေအားလုံးပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့် တရုတ်က ကနေဒါကို အမေရိကန်ရဲ့ တရုတ်မူဝါဒနဲ့ လိုက်လျောညီထွေရှိတဲ့အတွက် ရှုတ်ချထား ခဲ့တဲ့အပြင် ကနေဒါအရာရှိတွေက တရုတ်နိုင်ငံရေးကို ဝင်ရေက်စွက်ဖက်တာတွေလုပ်နေတယ်လို့ လည်း စွပ်စွဲတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ 

ကနေဒါက တရုတ်သံတမန် ဆောင်ဝှီကို နှင်ထုတ်ပြီးနောက် သံတမန်ကို တရုတ်နိုင်ငံ ထွက်ခွာဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။​

“မေလ ၉ ရက်နေ့တွင် ကနေဒါအစိုးရသည် တိုရွန်တိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်၏ သံတမန်တစ်ဦးကို သက်ဆိုင်နိုင်ငံသို့ ပြန်သွားဖို့ နှင်ထုတ်ခဲ့တာဖြစ်တယ်။ ဒါကို တရုတ်က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကာ ကနေဒါကို ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကို ချမှတ်ခဲ့ပါတယ်” လို့ တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ကနေဒါရဲ့ မရိုးသားတဲ့ လုပ်ရပ်ကို အပြန်အလှန်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံက မေလ (၁၃) ရက်နေ့မတိုင်ခင် ထွက်ခွာဖို့ တောင်းဆိုထားတဲ့ ကောင်စစ်ဝန်ချုပ် ဂျန်နီဖာလင်း လာလွန်ဒီ ကို ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ဆိုပါသေးတယ်။ 

ရှင်ကျန်းမှာ တရုတ်ရဲ့ လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ရှုတ်ချတဲ့ ပါလီမန် လွှတ်တော်ရဲ့ အဆိုကို ထောက်ခံပြီးနောက် တရုတ်အစိုးရက ကနေဒါလွှတ်တော်အမတ် မိုက်ကယ်ချာင်နဲ့ သူ့ရဲ့ မိသားစုကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ၂၀၂၁ ခုနှစ်က ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းကို ကိုးကားပြီး Globe and Mail သတင်းစာရဲ့ အစီရင်ခံချက်ကို ဒေါသတကြီး တုံ့ပြန်ထားခဲ့တာပါ။ 

“ကျွန်တော်တို့ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးကို ကျွန်တော်တို့ သည်းခံမှာ မဟုတ်ပါဘူး’’ လို့ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ကြေညာပြီးနောက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက နောက်ထပ်အရေးယူပိုင်ခွင့်ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ 

လက်တလောမှာတော့ နှစ်နိုင်ငံအငြင်းပွားမှုတွေကြောင့် တင်းမာပြီးသား ဆက်ဆံရေးကို ပိုမို ကြီးထွားလာစေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

Ref: dpa news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.