မော်လမြိုင် – မေ(၇)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို (၁၄) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့အလယ်မှာ CDM လှုပ်ရှားသူတွေကို ဦးဆောင် ကိုယ်စားပြုခဲ့သူဖြစ်တဲ့အတွက် ဦးကျော်မိုး ထွန်း ကိုဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်တည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲအသီးသီးက တင်သွင်းထားကြတဲ့ အဖွဲ့ အစည်းနဲ့ လူပုဂ္ဂိုလ် အမည်စာရင်းတွေကို အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ ဂုဏ်ပြုဆု ရွေးချယ် ရေး လုပ်ထုံးလုပ်နည်း စည်းကမ်းချက်တွေနဲ့အညီ ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ဆိုထားတာပါ။

လာမယ့် မေလ(၂၁) ရက်နေ့မှာ အမေရိကန်နိုင်ငံ Performing Arts Center of Baldwin Park, 4640 Maine Ave, Baldwin Park, CA 91706 မှာ ပြည်သူ့ဂုဏ်ရည်ဆုရှင်အတွက် ဂုဏ်ပြုပွဲ ကျင်းပသွား မှာဖြစ်တယ်လို့ သိရပါတယ်။

ဂုဏ်ပြုပွဲမှာ မြန်မာပြည်တွင်းမှာရှိတဲ့ စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဆောင်ရွက်နေသူတွေကို ပြည်ပရောက်မြန်မာတွေက ပေးအပ်တာဖြစ်ပြီး ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူ ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.