ပခုက္ကူ – မေ(၈)

မကွေးတိုင်း၊ ပခုက္ကူနဲ့ ပေါက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် (၇)ဦးသေဆုံးကာ (၁၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြိုင် (ပ.က.ဖ) က သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မေလ(၇) ရက်နေ့က ပခုက္ကူမြို့နယ် ကန်တော်ရွာကို ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားလည်း ကမ္မအနီး ဂျိုးပျံ ရပ် ကွက်မှာ မီးလောင်ကျွမ်းခဲ့တာပါ။

မနေ့က တစ်ရက်တည်းမှာပဲ ပေါက်မြို့နယ် အုန်းတောရွာနားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ပေါက်မြို့နယ်အခြေစိုက် ဗိုလ်တစ္ဆေအဖွဲ့နဲ့ ပေါက်ကျေးရွာကာကွယ် ရေးအဖွဲ့ ၊မြိုင်(ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

“ပေါက်မြို့နယ်အုန်းတောရွာအနီးမှာစစ်ကောင်စီနဲ့ပျူစောထီး​လေးဆယ် ဝန်းကျင်က နှစ်ဖွဲ့ခွဲ ပြီး လုံခြုံရေးဆောင်ရွက်နေတဲ့အချိန်မှာအုန်းတောရွာမိန်းလမ်းမဘေးမဲဇလီတန်းအနောက်မှာမိုင်း၁၆လုံးနဲ့တိုက်ခိုက်ခဲ့တာပါ” လို့ မြိုင်(ပ.က.ဖ)တပ်ရင်း -၁ ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ အင်အားထပ်ဖြည့်ပြီး အုန်းတောရွာ အနောက်ဘက်မှာ ဆက်လက် ကင်းပုန်းဝပ်နေတာကို ထပ်မံအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကပြောပါသေး တယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က (၆) ဦးပြင်ထန်ဒဏ်ရာရရှိသွားသလို (၃) ဦးသေဆုံး ထားတယ်လို့ပြောပေမယ့် အရည်အတွက်တိတိကျကျကိုတော့ စုံစမ်းလို့မရသေးဘူးလို့ ဆိုထားပါ တယ်။

စစ်ကောင်စီတပ်သားတွေကို ဒီနေ့ မေလ(၈) ရက်နေ့ မနက်(၁၀)နာရီဝန်းကျင်မှာလည်း ဒရုန်းဗုံးသီး (၄၀) အပြင် မီးလောင်ဗုံး(၂၀) ဝန်းကျင်နဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် (၁) ဦးသေဆုံးပြီး (၁) ဦးထိခိုက် ဒဏ်ရာရရှိထားတယ်လို့ မြိုင် (ပ.က.ဖ) ကပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.