ခင်ဦး – မေ(၈)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေတဲ့အတွက် ခင်ဦးမြို့နယ်အရှေ့ခြမ်းနဲ့ နောက်ခြမ်းရွာတွေက ဒေသခံ(၇၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့မေလ(၇) ရက်နေ့ မနက်ပိုင်းကစပြီး ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းကို ရေဦးမြို့နယ် ထဲ ကလာတဲ့ စစ်ကောင်စီရဲ့ အင်အား(၇၀) ပါစစ်ကြောင်းဝင်ရောက်နေသလို အရှေ့ဘက်ခြမ်းကို တော့ အင်အား(၁၀၀) ကျော်နဲ့ စစ်ကြောင်းထိုးနေတာပါ။

စစ်ကောင်စီ စစ်ကြောင်းကြောင့်ထွက်ပြေးနေရတဲ့ ကဘွတ်ရွာနဲ့ ကုတ္ထက်ကျေးရွာက ပြည်သူတွေ ရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံထားရပြီး ဆုံးရှုံးမှုတန်ဖိုးတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦး ကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့မှုတွေဖြစ်နေပြီး အဲဒီတိုက်ပွဲတွေမှာ PDF ရဲဘော်တဦး ကျဆုံးထားသလို တဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UNOCHA) ရဲ့ ထုတ်ပြန်ထား တဲ့အချက်အလက်တွေအရ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းမှာ ပြည်သူ ခုနှစ်သိန်းခွဲနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ခင်ဦး(သတင်းမှန်ပြန်ကြားရေး)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.