May 7, 2023

ဘီးလင်းမြို့နယ်မှာ ရဲစခန်းနှစ်ခု တစ်ပြိုင်နက်တိုက်ခိုက်ခံရ

ဘီးလင်း၊ မေ(၇) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီ တောင်စွန်းနယ်မြေရဲစခန်းနဲ့ ဝင်းကကျေးရွာရှိ ဝင်းကနယ်မြေရဲစခန်းတို့ဟာ မေ ၆ ရက်နေ့ ညနေပိုင်းမှာ တစ်ပြိုင်နက်တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီလောက်မှာ တောင်စွန်းနယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့သလို ဝင်းကနယ်မြေရဲစခန်းကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေအဆိုအရ တောင်စွန်းနယ်မြေရဲစခန်းကို ပထမအကြိမ်ဒရုန်းနဲ့…

ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

ကော့ကရိတ်၊ မေ(၇) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်အနီးမှာ မေ ၆ ရက်နေ့ မနက် ၆ နာရီကျော်အချိန်လောက်က အုတ်ဖိုလုပ်ငန်းခွင်ထဲ လက်နက်ကြီးကျပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသခံတွေအဆိုအရ အဲဒီနေ့မနက်ပိုင်းမှာ ကောကရိတ်မြို့အရှေ့ဘက်ကခြမ်းမှာ ပစ်ခတ်သံတွေကြားပြီးနောက် လက်နက်ကြီးတစ်လုံးဟာ အုတ်ဖိုလုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွမှုဲဖြစ်ပွားပြီး အရပ်သားထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။…

“အာဆီယံနဲ့ NUG တို့ တွေ့ဆုံစဉ် ဘာတွေဆွေးနွေးခဲ့ပါသလဲ”

ရန်ကုန် ၊ မေ (၇) အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ NUG အပါအဝင် စစ်ကောင်စီနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ တိတ်တဆိတ်ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်း လျှော့ချနိုင်ဖို့နောက်ကွယ်ကနေ အစွမ်းကုန်လုပ်ဆောင်နေပြီး မြန် မာနိုင်ငံရဲ့ ပဋိပက္ခကနေ အဓိကပါဝင်ပတ်သက်သူတွေကို စားပွဲဝိုင်းဆွေးနွေးပွဲဆီခေါ်ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်သူအစုအဖွဲ့အားလုံးနဲ့…

မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ဖို့ KNU ညီလာခံမှာ သံဓိဌာန်ပြု

မော်လမြိုင်၊ မေ(၇) မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ရေး၊ ကရင်အမျိုးသားတို့ရဲ့ ရသင့်ရထိုက်တဲ့ အမျိုးသားတန်းတူးရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ ရရှိရေးအတွက် ချမှတ်ထားတဲ့ အခြေခံလုပ်ငန်းစဉ်နဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတိုင်း ကရင်တမျိုးသားနဲ့ အတူတကွ ရပ်တည်ဆောင်ရွက်သွားကြဖို့ ညီလာခံမှာ သံဓိဌာန်ပြုခဲ့ကြတယ်လို့ KNU ဗဟိုဌာနချုပ်က မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု…

ဘုတ်ပြင်းမှာ ကျပ်သိန်းထောင်နဲ့တန်းဖိုးရှိတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေချိပ်ပိတ်ခံရ

ဘုတ်ပြင်း၊ မေ(၇) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာမှာ ကျပ်သိန်းထောင်ချီနဲ့တန်ဖိုးရှိတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ နေအိမ်အဆောက်အဦးနဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီဘက်က လာရောက် ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး၊ ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၅ ရက်နေ့မှာ ဒေ သခံ လုပ်ငန်းရှင်ဦးအောင်ဇော်ဦးပိုင်ဆိုင်တဲ့ ဆီဆိုင်၊ နေအိမ်၊ ဈေးဆိုင်နဲ့မြေကွက်တွေကို လာရောက်ချိပ်ပိတ်သွားတာ ဖြစ်ပါတယ်။ ဒေသခံလုပ်ငန်းရှင်…

ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရ

ကျိုက်ထို၊ မေ(၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ဟာ မေ ၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အား စုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူး ပေါင်းတပ်ဖွဲ့…