မနီလာ၊ မေ(၇)
ဖိလစ်ပိုင်အာဏာပိုင်တွေဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ဖိအားပေးခံရပြီး နိုင်ငံအတွင်း သို့ လူကုန်ကူးခံရတဲ့ လူပေါင်းတစ်ထောင်ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ မေလ ၆ ရက်နေ့မှာ ပြောကြားခဲ့ ပါတယ်။
လူကုန်ကူးခံရသူတွေကို ဝန်ထမ်းအဖြစ်ခန့်အပ်ထားတဲ့ ဒေသအတွင်းရှိ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ Crypto အတုတွေမှာ ရင်းနှီမြှုပ်နှံဖို့ အတင်းအကျပ်ဖိအားပေးခံရတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး လတ်တလော လတွေမှာတော့ နိုင်ငံတကာမှာ အချက်ပေးခေါင်းလောင်းသံ ဖြစ်လာခဲ့တာပါ။
ဆိုက်ဘာပြစ်မှုတိုက်ဖျက်ရေးဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ အရာရှိတွေဟာ မြို့တော်မနီလာနဲ့ ကီလိုမီတာ ၉၀ ဝေးကွာတဲ့ မာဘာလာကဒ် မြို့တော်ရဲ့ အဆောက်အအုံ တစ်လုံးကို ကြာသပတေးနေ့က ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။
ဒီလိုစီးနင်းချိန်မှာပဲ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်ဖို့ ခန့်အပ်ခံရတဲ့ လူဦးရေတစ်ထောင်ကျော် ကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းမိခဲ့သူတွေက ကနေဒါ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုရှိ လူတွေကို ဦးတည်ပြီး လိမ်လည်ဖို့ အတင်းအကျင် ခိုင်းစေခံရတယ်လို့ ပြောကြားခဲ့ပါတယ်။
အတင်းအကျပ်ခိုင်းစေခံရသူတွေအနေနဲ့ သူတို့ရဲ့ပတ်စ်ပို့တွေသိမ်းဆည်းခံထားရပြီး တစ်နေ့ကို အလုပ်ချိန် ၁၈ နာရီအထိ အလုပ်ရကာ အချင်းချင်းစကားပြောတာနဲ့ နားချိန်တိုးတောင်းတာတွေလုပ်ခဲ့ရင် လစာအဖြတ်ခံရ တယ်လို့ ဆိုပါတယ်။
“သူတို့က ထောင်လိုတော့ မဟုတ်ပေမယ့် အကျဉ်းသားတွေလိုပဲ။ အခန်းဖော်နဲ့တောင် စကားစမြည်ပြောလို့မ ရဘူး။ သူတို့ကို ဂိတ်တံခါးရဲ့ အပြင်အဝကို ပေးမထွက်သလို အလုပ်ချိန် ၁၈ နာရီပြီးသွားရင် နေထိုင်ရာတည်းခို ဆောင် ကို ပြန့်ပို့လိုက်ကြပါတယ်” လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူမှ AFP သတင်းဌာနကို ပြောကြားထားတာ ပါ။
လူကုန်ကူးခံရသူတွေထဲမှာ တရုတ်နိုင်ငံသား၊ ဖိလစ်ပိုင်နိုင်ငံသား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အများစုဖြစ် တယ်လို့ သီခြားပြောကြားခဲ့ပေမယ့်လည်း အာဏာပိုင်တွေကတော့ ဟောင်ကောင်၊ မလေး၊ မြန်မာ၊ နီပေါ၊ ထိုင်ဝမ်နဲ့ ထိုင်းအစရှိတဲ့ နိုင်ငံသားတွေကိုလည်း ကယ်ဆယ်ခဲ့ရတယ်လို့ ပြောကြားထားပါတယ်။
Ref,AFP