ဂျကာတာ – မေ(၇) 

အင်ဒိုနီးရှားနိုင်ငံ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကိုဖြေရှင်းပေးနိုင်ဖို့အတွက် အဓိက ကျတဲ့ ကိုယ်စားလှယ်တွေအပြင် အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်း တွေ စတင်ဖို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ထိုင်းနဲ့ တရုတ်တို့နဲ့အတူ တိတ်တဆိတ် လက်တွဲဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

အာဆီယံဥက္ကဋ္ဌ အနေနဲ့ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေနဲ့အတူ သံကိုယ်စားလှယ်တွေဟာ အကြိမ်ပေါင်း (၆၀) ကျော် စေ့စပ်ထားတာနဲ့အတူ အကျပ်အတည်းတွေကို ကျော်ဖြတ်သွားနိုင် ဖို့ တိတ်တဆိတ်ကြိုးပမ်းအားထုတ်မှုတွေကို ဆောင်ရွက်နေတယ်လို့ မစ္စရက်နိုမာဆူဒီက ရိုက်တာ ကိုပြောခဲ့တာပါ။ 

အင်ဒိုနီးရှားရဲ့ တိတ်တဆိတ်စေ့စပ်မှုတွေမှာ စစ်ခေါင်းဆောင်၊ လူနည်းစုတိုင်းရင်းသားတပ်ဖွဲ့ တွေနဲ့ NUG တို့ ပါဝင်တယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

“အင်ဒိုနီးရှားသည် သက်ဆိုင်သူအားလုံးနှင့် ယုံကြည်မှုတည် ဆောက်နိုင်ရန်နဲ့ သူတို့က ဘက်က ကျွန်မတို့ကို ထုတ်ဖော်ပြောကြားလာရန်စေရန် ရည်ရွယ်ပြီး non-megaphone diplomacy နည်း လမ်းကို အသုံးပြုနေပါတယ်။ တိတ်တဆိတ် သံတမန်ခင်းဆိုတာဟာ ဘာအလုပ်မှ မလုပ်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ တကယ်တော့ လွန်ခဲ့တဲ့ ၄ လအတွင်းမှာ အင်ဒိုနီးရှားက အလုပ်အများ ကြီး လုပ်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။ 

လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အကျပ်အတည်းမှာ အဓိကကျတဲ့ ပါဝင်သူတွေ အားလုံးကို စားပွဲပေါ်မှာ ဆွေးနွေးနိုင်ဖို့ အဓိက ကြိုးပမ်းအားထုတ်နေပြီး အာဆီယံရဲ့ ဘုံသဘော တူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၂) ခုဆီကို မှတ်ချက်တောင်းခံခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိဘူးလို့ မူရင်သတင်းမှာဖော်ပြထားပါတယ်။ 

NUG ပြောရေးဆိုခွင့်ရှိသူကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အာဆီယံ ဥက္ကဋ္ဌ နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့အရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်နိုင်ဖို့ အတွက် အာဆီယံအဖွဲ့ဝင်တွေအားလုံးရဲ့ အထောက်အပံ့ကို ရရှိထားပြီးဖြစ်တယ်လို့ ပြောထား ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.