ရန်ကုန် – မေ(၆)
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီး စပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မေလ(၆) ရက်နေ့ နေ့လည်(၁၁) နာရီဝန်းကျင်မှာ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းမှာရှိတဲ့ ရုပ်ရှင်းအစည်းအရုံးဝန်းထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးအခြေအနေအသေးစိတ်ကိုတော့ ဖြေဆိုဖို့ ငြင်းဆန် ထားပြီး မြေပြင်အခြေအနေမှာလည်း ထိခိုက်မှုမရှိဘူးလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
စစ်ကောင်စီရဲ့ ပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးဆန့်ကျင်ခဲ့တဲ့ သရုပ်ဆောင်တွေ ဖမ်းဆီးခံခဲ့ရချိန်မှာ ရုပ်ရှင်အစည်းအရုံးကရပ်တည်ပြောဆိုတာမရှိခဲ့သလို အကာအကွယ်ပေး တာ တွေ မပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ထားကြတာဖြစ်ပါတယ်။
ရုပ်ရှင်အစည်းအရုံးကို ခွေးခေါင်းဓားစက် စစ်ဆင်ရေး အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့ပြ ပျောက်ကြားရဲဘော်တွေက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဦးဆောင်ကျင်းပမယ့် အကယ်ဒမီပေးပွဲကိုလည်း ပြည်သူတွေ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှေ့ ဝင်ပေါက် အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားထားပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ