မော်လမြိုင်၊ မေ(၆)
အမေရိကန် ကော်လိုရာဒို ဒန်ဗာမြို့မှာပြုလုပ်တဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း MMA ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်ဖိုက်တာ ဖန်ရောင်းကို မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ဒုတိယအချီ ၄၇ စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။
အောင်လအန်ဆန်အနေနဲ့ တရုတ်ဖိိုက်တာ ဖန်ရောင်းကို လွယ်လွယ်ကူကူနဲ့အနိုင်ရမယ်လို့ ပွဲမတိုင်ခင် ထင်ကြေးပေးမှုတွေရှိခဲ့ပေမယ့် တကယ်တမ်း ယှဥ်ပြိုင်ထိုးသတ်ချိန်မှာတော့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာပါ။
အခုပွဲစဥ်မှာလည်း အောင်လရဲ့ နာမည်ကျော်ချုပ်ကွက်နဲ့ပဲ ဒုတိယအချီ ၄၇စက္ကန့်မှာ ဖန်ရောင်းက အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။အောင်လဟာ ပွဲအပြီးမှာမြန်မာပြည်သူတွေအတွက်ဆုတောင်းပေးကြဖို့နှစ်ကြိမ်တိတိ ပြောဆိုခဲ့တာပါ။
ဒီပွဲက အောင်လအန်ဆန်အနေနဲ့ ONE Championship ရဲ့ စာချုပ်ပြည့်တဲ့နောက်ဆုံးပွဲ လည်းဖြစ်ပြီး အနိုင်ရရှိသူက ချန်ပီယံ ခါးပတ်စိန်ခေါ်ခွင့်ရှိတာကြောင့် စိတ်ဝင် စားမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- ONE Championship