မန္တလေး – မေ(၆)
မန္တလေးမြို့က ရွှေဆိုင်နှစ်ဆိုင်ကို ဓားပြတိုက်ခဲ့သူတွေနဲ့ ရွှေထည်ပစ္စည်းတွေကို လက်ခံဝယ်ယူခဲ့တဲ့ ရွှေဆိုင်ပိုင်ရှင် တွေအပါအဝင် (၁၁) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါ တယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပုသိမ်ကြီးမြို့နယ် အောင်သပြေရွှေဆိုင်မှာ ဓားပြတိုက်ပြီး ငွေကျပ် သိန်း (၁၅၀၀)ယူဆောင်သွားသလို ပြည်ကြီးတံခွန်မြို့နယ် စက်မှုစျေးအနီးက ထိပ်တန်းရွှေဆိုင်ကို ဓားပြ တိုက်ပြီး ကျပ်သိန်း(၂၇၀၀) ခန့်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေကို ယူဆောင်သွားသူတွေကို ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုထားတာပါ။
ဒါ့အပြင် ဒီလ (၂) ရက်နေ့ကနေ (၄) ရက်နေ့အတွင်း ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ ထိပ်တန်း ရွှေဆိုင် နဲ့ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ အောင်သပြေရွှေဆိုင်တို့ကို ဓားပြတိုက်ခဲ့သူတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်နှစ်ခုကို ကျူးလွန်ခဲ့ကြတဲ့ တရားခံ(၆) ဦးအပါအဝင် ရွှေထည်ပစ္စည်းတွေကို လက်ခံ ဝယ်ယူခဲ့ကြတဲ့ ရွှေဆိုင်ပိုင်ရှင်(၅) ဦး စုစုပေါင်း (၁၁) ဦးကို ဖမ်းဆီးရမိခဲ့ကာဖမ်းဆီးဖို့ ကျန်ရှိနေတဲ့ တရားခံ နှစ်ဦးလည်း ကျန်ရှိနေသေးတယ်လို့ ဆိုထားပါတယ်။
ရွှေဆိုင်တွေကို ဓားပြတိုက်ချိန်မှာ ပါသွားတဲ့ ငွေကျပ်သိန်း(၃၂၀၀) ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း တွေဖြစ်ပေမယ့် ဖမ်းဆီးရမိသူတွေမှာတော့ ငွေကျပ်သိန်း(၉၀၀) ကျော်နဲ့အတူ သေနတ်(၂) လတ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံ