မော်လမြိုင် – မေ(၆)

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စနစ်တကျ ပြင်ဆင်စုဖွဲ့မှုတွေနဲ့ အင်အားတောင့်တင်းခိုင်မာတဲ့ Professional Army တစ်ရပ်အသွင်သဏ္ဍန်ပေါ်ပေါက်လာဖို့ ကြိုးပမ်းကြတဲ့နေရာမှာ အားလုံးပူး ပေါင်း ပါဝင်ကြဖို့ အထူးအလေးအနက်ထားတိုက်တွန်းလိုတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defense Force-PDF) ဖွဲ့စည်းထူထောင်ခြင်း(၂) နှစ်ပြည့်ကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကြီးရဲ့ ရှေ့ပြေး အမြုတေ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ (၂) နှစ်တာကာလအတွင်း စစ်ရေး စွမ်းရည်၊ စည်းရုံး ရေးစွမ်းရည် မြင့်မားထက်မြက်လာတာကိုလည်း ဂုဏ်ယူစွာတွေ့ရတယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို အခုလို(၂) နှစ်တာအတွင်း လျှင်လျှင်မြန်မြန် တန်ပြန်ရင်ဆိုင် တော်လှန်နိုင်တယ်ဆိုတာ လွယ်လွယ်ကူကူမရခဲ့သလို ဒီအခြေအနေအထိ ရောက်ရှိနိုင်တာဟာ တော်လှန်ပ်သားတိုင်းရဲ့ ပေးဆပ်အနစ်နာခံမှု မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ဆိုတာ ကို အမြဲဂုဏ်ပြု မှတ်တမ်းတင်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာဆိုရင် တစ်နှစ်လုံး စစ်အာဏာရှင်အောက်မှ လွတ်မြောက်စေရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတဲ့ နိုင်ငံ့သားကောင်း လူရည်ချွန်၊ လူငယ်၊လူရွယ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့လည်း မဟာမိတ်ဖွဲ့ကာ လက်ရှိမှာ တော့ အရှိန်အဟုန်ကောင်းတဲ့ တော်လှန်စစ်ကို လက်တွဲပူးပေါင်း ဆင်နွှဲလျက်ရှိတယ်ဆိုတာ အားလုံး အသိဖြစ်ပြီး စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးပြီး စစ်အာဏာရှင်စနစ်အောက်မှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ကို ခေါင်းမဖော်နိုင်အောင် အဓမ္မကျွန်ပြု အုပ်ချုပ်ခဲ့သလို သူတို့ကို ဆန့်ကျင်တောလှန် နေတဲ့ ပြည်သူတွေ ဒီမိုကရေစီလိုလားသူတွေ၊ တိုင်းရင်းသား တန်းတူရေး လှုပ်ရှားသူတွေ အပေါ်မှာ လည်း တပြေးတည်းလက်နက်အားကိုးပြီး လူမဆန်စွာ ရက်စက်ရမ်းကားတဲ့ လုပ်ရပ်တွေကို နိုင်ငံ အနှံ့မှာ ယနေ့ထိတိုင် မရေမတွက်နိုင်အောင် ကျူးလွန်နေတာကို အားလုံးအသိပဲဖြစ်တယ်လို့ ဆိုပါ သေးတယ်။

အဲဒါကြောင့် ပြည်သူလူထုကို ကာကွယ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ရည်မှန်းချက်တွေနဲ့ လွန်ခဲ့တဲ့ (၂) နှစ်က ဒီနေ့လို အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ အချိန်မှာတော့ တောင့်တင်းစနစ်ကျတဲ့ စုဖွဲ့မှု အင်အားတစ်ရပ်နဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်ဝေခံ အဖွဲ့အစည်းတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ တော်လှန်တိုက်ထုတ်လှုပ်ရှားနေနိုင်ခဲ့ တာဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးမှာ အသက်နဲ့ ခန္ဓာပေးဆပ်ခဲ့ကြရတဲ့ ကျဆုံးရဲဘော်တွေ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြရတဲ့ ရဲဘော်တွေ၊ဒီနေ့အထိ အခက်အခဲပေါင်းများစွာ ကြားကနေ ယုံကြည်ချက်ကို လက်မလွှတ်ဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်အပေါင်းကို အထူးအလေးအမြတ်ထား ဦးညွှတ်ဂုဏ်ပြုအပ်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.