တီဟီရန် – မေ(၇)
ဆွီဒင်-အီရန် အတိုက်အခံခေါင်းဆောင်တစ်ဦးကို ၂၀၁၈ ခုနှစ် စစ်ရေးပြအခမ်းအနားမှာ လူ(၂၅) ဦးသေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအပါအဝင် အာရပ်ခွဲထွက်ရေးအုပ်စုကို ဦးဆောင်ခဲ့သူဆိုတဲ့ စွပ်စွဲ ချက်နဲ့ အီရန်မှာ ကွပ်မျက်လိုက်တယ်လို့ နိုင်ငံပိုင်ရုပ်သံက ဖော်ပြထားပါတယ်။
ဟာဘစ်ဖာရာဂျိုလချ်ချပ်ဟာ အီရန်နိုင်ငံရဲ့ တင်းကျပ်တဲ့ အစ္စလာမ့် ဥပဒေအောက်မှာ ကြီးလေး တဲ့ ပြစ်မှုဖြစ်တဲ့ ကမ္ဘာမြေကြီးပေါ်မှာ အကျင့်ပျက်မှုနဲ့ သေဒဏ်ချမှတ်ခံခဲ့ရတာပါ။
အီရန်နိုင်ငံအနောက်တောင်ပိုင်းက ရေနံကြွယ်ဝတဲ့ ခူဇီစတန်ပြည်နယ်မှာ သီးခြားပြည်နယ်တစ်ခု ဖော်ဆောင်ဖို့ အယ်လာကွာ (AL Ahwaz) လွတ်မြောက်ရေးအတွက် အာရပ်တိုက်ပွဲလှုပ်ရှားမှုကို ဦးဆောင်တဲ့ ဟာဘစ်ချပ်ကို ၂၀၂၂ ခုနှစ်မှာ ရုံးတင်စစ်ဆေးခဲ့ပြီး အတွဲဆက်ဗုံးခွဲတိုက်ခိုက်မှုနဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ မြောက်များစွာ ပြုလုပ်ခြင်းတို့နဲ့ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ အီရန်က သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အာဘစ်ချပ်ချ် ကို အိမ်နီးချင်း တူရကီ မှာ ဖမ်းဆီးခဲ့ပြီးနောက် တီဟီရန်ကို ခေါ်ဆောင်သွားတယ်လို့ သူ့ရဲ့ ဖမ်းယူမှု အသေးစိတ်ကို မဖော်ပြဘဲ ထုတ်ပြန်ထားပါတယ်။
ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးက အာဘစ်ချ်ချပ်ရဲ့ ကွပ်မျက်မှုအပေါ် စိတ်ပျက်ဖွယ်ရာ တုံ့ပြန်ခဲ့ပြီး အစိုးရအနေနဲ့ ကွပ်မျက်မှုကို ဆက်လက်မလုပ်ဆောင်ဖို့ အီရန်ကို ပန်ကြားခဲ့တယ်လို့ ပြောပါ တယ်။
“သေဒဏ်ဟာ လူမဆန်တဲ့အပြင် နောက်ပြန်မဆုတ်နိုင်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး ဆွီဒင်က ကျန်တဲ့ အီးယူအဖွဲ့ဝင်တွေဟာ အဲဒီပြစ်ဒဏ်စီရင်မှုကို အခြေအနေအားလုံးမှာ ရှုတ်ချပါတယ်” လို့ သူက ပြောပါတယ်။
ဆွီဒင်နိုင်ငံဟာ အာဘစ်ချ်ချပ်ရဲ့ အမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုဖူးပြီး ၁၉၈၈ ခုနှစ် အစ္စလာမ္မစ် သမ္မတ နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အစုလိုက်အပြုံလိုက် ကွပ်မျက်မှုမှာ အီရန်အရာရှိဟောင်းတစ်ဦးကို ဆွီဒင်သံရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့တာပါ။
အီရန်ဟာ အာရပ်၊ကာ့ဒ်၊အာဇီးရစ်နဲ့ ဘလာ့ဂျ်အပါအဝင် သူတို့ရဲ့ လူမျိုးစု လူနည်းစုတွေနဲ့ တင်းမာတဲ့ ဆက်ဆံရေးရှိခဲ့ပြီး သူတို့ကို အိမ်နီးချင်းနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့လှုပ်ရှားနေတယ်လို့ စွပ်စွဲထားပါတယ်။
အာရပ်တွေနဲ့ တခြားလူနည်းစုတွေဟာ အီရန်မှာ ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကာလရှည်ကြာ စောဒကတက်ခဲ့ကြပြီး စွပ်စွဲမှုတွေကိုလည်း အီရန်က ငြင်းဆိုထားပါတယ်။
Ref: Reuters