April 2023

ရုရှားရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေစုဆောင်းဖို့ အမေရိကန် ကုမ္ပဏီတွေနဲ့ FBI လုပ်ဆောင်နေ

ဝါရှင်တန်- ဧပြီ(၂၇) ရုရှားနိုင်ငံသားတွေရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းဖို့အတွက် ယူကရိန်းဟာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို(FBI) နဲ့ အမေရိကန် ကုမ္ပဏီ တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အကြီးတန်းအရာရှိတွေက ပြောပါတယ်။ ယူကရိန်းအာဏာပိုင်တွေဟာ ရုရှားနိုင်ငံကကျူးကျော်လာချိန်ကစပြီး စစ်မြေပြင်တွေနဲ့ စစ်ပွဲ ကြောင့် ပျက်စီးခဲ့တဲ့ မြို့တွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ ယူကရိန်း အေဂျင်စီအတွက် တရားဝင်သံမှူးအဖြစ် အရင်က လုပ်ကိုင်ခဲ့ဖူးတဲ့…

ကန့်ဘလူက ကျေးရွာသုံးရွာကို စစ်တပ်မီးရှို့ပြီး ဒေသခံ (၁၅) ဦးထက်မနည်းဖမ်းဆီးခံထားရ

ကန့်ဘလူ – ဧပြီ(၂၆) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အုပ်စုက ကျေးရွာ(၃) ရွာကို စစ်ကောင်စီ တပ် တွေ မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာမှာနေထိုင်တဲ့ ပြည်သူ (၁၅) ဦးထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီက ပဇီကြီး၊ချောင်းသာနဲ့ လေးတွင်းစဉ် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေလုပ်ခဲ့တယ်လို့…

ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ရုံး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

ဘီးလင်း – ဧပြီ(၂၆) မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်မှာ ရှိတဲ့ ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ဦးစီး ဌာနရုံးဟာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ် လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ ဧပြီ ၂၆ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန ရုံးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က…

ခရမ်း PDF (၇) ဦးနဲ့ လက်နက်တွေ သိမ်းဆည်ရမိခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ရန်ကုန် – ဧပြီ(၂၆) ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်(၇) ဦးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီး ရမိ ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၉) ရက်နေ့က သန်လျင်မြို့နယ် ပေါက်တောရွာနားမှာ (၁) ဦးကို စတင်ဖမ်းဆီး ရမိပြီးနောက် ကျန်တဲ့သူတွေကို မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာမှာ (၃) ဦးနဲ့ ဒေါပုံမြို့နယ် မှာ…

ကိုဗစ်အတည်ပြုလူနာ တစ်ရက်တည်းမှာ (၇၁)ဦးအထိရှိလာ

ရန်ကုန်၊ ဧပြီ (၂၆) အခုတစ်ပတ်အတွင်းမှာ ကိုဗစ်ပိုးရှိသူလူနာအရေအ တွက် တိုးလာပြီး အတည်ပြုလူနာဦးရေဟာ ဧပြီ (၂၅) ရက်နေ့တစ်ရက်တည်းမှာပဲ (၇၁)ဦးအထိရှိလာနေပြီဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ်အတည်ပြုလူနာစာရင်းဟာ ဧပြီ (၂၃) ရက်နေ့မှာ(၄၅ )ဦး၊ ဧပြီ (၂၄)ရက်နေ့မှာ (၅၁ ) ဦးကနေ အခု နောက်ဆုံး စစ်ဆေးရလဒ်ဖြစ်တဲ့ ဧပြီ(၂၅)ရက်နေ့မှာတော့…

သရက်ချောင်းမှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ရွာစဉ်လှည့်ဖမ်းဆီးပြီး နှိပ်စက်တာတွေလုပ်နေ

သရက်ချောင်း၊ ဧပြီ(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ရွာစဉ်လှည့်လိုက်လံဖမ်းဆီးပြီး ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ် ရငဲ၊ ဝဲရစ်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာပါ။ ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ…

မစ္စတာဘန်ကီမွန်းရဲ့ခရီးစဉ်ဟာ လူမိုက်ကိုပွဲထုတ်တာလို့ NUG ယာယီသမ္မတဝေဖန်

ရန်ကုန်၊ ဧပြီ(၂၆) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်လာပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ လူ မိုက်ကိုပွဲထုတ်တာလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်လိုက်ပါတယ်။ ဧပြီ ၂၅ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ ၁၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အပေါ် NUG ယာယီသမ္မတက အခုလိုဝေဖန်လိုက်တာပါ။ ယာယီသမ္မတက…

စစ်အာဏာသိမ်း (၈၁၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၃၄ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၂၆) AAPP ရဲ့ ဧပြီ(၂၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၁၄)ရက်အတွင်း ပြည်သူ (၃၄၃၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၅၃၈ ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…