တနင်္သာရီမှာ စစ်ကောင်စီရိက္ခာယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ
တနင်္သာရီ၊ ဧပြီ(၉)တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာအနီးမှာ ဧပြီ ၈ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၇ နာရီလောက်မှာ မြိတ်မြို့နယ်ဘက်ကနေ ဘုတ်ပြင်းမြို့နယ်ဘက်ကို ဆင်းလာတဲ့ ကား ၄ စီးပါ စစ်ကောင်စီရိက္ခာယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…