April 2023

ရေးမှာ အိမ်စီးကားပစ်ခတ်ခံရပြီး ၂ ဦးဒဏ်ရာရ

ရေး၊ ဧပြီ(၁၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအနီး မော်လမြိုင်-ရေး ကား လမ်းမမှာ ဧပြီ ၁၀ ရက်နေ့က အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အရပ်သားပြည်သူ ၂ ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဘုရားသုံးဆူမြို့ဘက်ကနေ ရေးဘက်ကိုဆင်းလာတဲ့ Vigo အိမ်ကား…

ပိတ်ဆို့ကန့်သတ်မှုကြောင့် တနင်္သာရီစစ်ရှောင်တွေအတွက် ရိက္ခာဝယ်ယူဖို့ ပိုမိုခက်ခဲလာ

တနင်္သာရီ၊ ဧပြီ(၁၁) တိုက်ပွဲတွေ ပြင်းထန်လာမှုနဲ့အတူ နှစ်ဖက်ပိတ်ဆို့ကန့်သတ်ချက်တွေကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေ ဝယ်ယူဖို့ ပိုမိုခက်ခဲလာတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့မတ်လကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာ ကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေခပ်စိပ်စိပ် ဖြစ်ပွားလာသလို အခုရက်ပိုင်းထဲမှာတော့ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာပါ။ တိုက်ပွဲတွေကြောင့် တနင်္သာရီမြို့နယ်ထဲက ပြည်ထောင်စုလမ်းမကြီးနဲ့ တနင်္သာရီ-မောတောင်ကားလမ်းတွေ အသုံးမပြုဖို့…

စစ်အာဏာသိမ်း (၇၉၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၂၉ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၁၁) AAPP ရဲ့ ဧပြီ(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၉)ရက်အတွင်း ပြည်သူ (၃၂၂၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၃၀၀ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၅၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးရပ်တန့်၊ ကုန်ဈေးနှုန်းထပ်တက်လာ

နိုင်မော်လမြိုင် ၊ ဧပြီ (၁၁) ကရင်ပြည်နယ်၊ ကော့ကရိတ်နဲ့မြဝတီမြို့နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး လုံးဝနီးပါးရပ်တန့်သွားတဲ့အတွက် သင်္ကြန်ကာလအတွင်း ကုန်ဈေးနှုန်းအဆ မတန် မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကုန်သွယ်ရေး အချက်အချာဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား…

စစ်ကောင်စီရဲ့ အတုအယောင်သင်္ကြန်ပွဲမပါဝင်ဖို့ မွန်တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ (၁၁)လာမယ့်ရက်ပိုင်းအတွင်း ကျရောက်မယ့် မြန်မာ့နှစ်သစ်ကူးရိုးရာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီက စည်ကား အောင် ပြုလုပ်နေတာဟာ အတုအယောင်သာဖြစ်ပြီး ပြည်သူတွေပါဝင်ဆင်နွှဲတာ မပြုလုပ်ကြဖို့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ သင်္ကြန်ပွဲတော်စည်ကားဖို့ စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အတော်များများမှာ မဏ္ဍပ်တွေ ဆောက်လုပ်နေသလို လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကိုလည်းသင်္ကြန်မဏ္ဍပ် မဖြစ်မနေဆောက် လုပ်ကြဖို့ ဖိအားပေးတာတွေလည်း ရှိနေတာပါ။ စစ်အုပ်စုက ကြီးမှူးကျင်းပတဲ့…

ကော်ဘရာစစ်ကြောင်းထံ VENOM စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်း

မြဝတီ၊ ဧပြီ(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက် နေတဲ့ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းထံ VENOM စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်းခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ(၆)ရက်နေ့ကတည်းက VENOM စစ်ကြောင်းတစ်ကြောင်းလုံးဟာ ကော်ဘရာစစ် ကြောင်းထံကို လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး အခုလိုပူးပေါင်းမှုကြောင့် ကော်ဘရာစစ်ကြောင်းရဲ့ ဖွဲ့စည်းပုံကို စစ်ကြောင်း (၁) ၊…

ဘီးလင်းမြို့နယ် မဲလံ BGF စခန်း တိုက်ခိုက်ခံရပြီး အရာရှိ ၂ ဦးသေဆုံး

ဘီးလင်း၊ ဧပြီ(၁၁)မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်စခန်း တိုက်ခိုက်ခံရတာကြောင့် BGF အရာရှိ ၂ ဦး သေဆုံးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ မဲလံကျေးရွာ လမ်းဆုံရှိ BGF တပ်စခန်းကို ကရင်အမျိုးသား…

ဂရိကို တင့်ကားဖျက်ဒုံးကျည်တွေ ဒေါ်လာသန်း ၄၀၀ဖိုးရောင်းဖို့ အစ္စရေးသဘောတူ လက်မှတ်ရေးထိုး

အေသင်၊ ဧပြီ(၁၁) နေတိုးအဖွဲ့ဝင်ဖင်လန်ကို လေကြောင်းရန် ကာကွယ်ရေးပေးဆောင်ဖို့ သဘောတူညီချက်ကို ချုပ်ဆိုပြီး ရက်ပိုင်းအကြာမှာဘဲ အစ္စရေးက စပိုက်ခ် (Spike) တင့်ကားဖျက်ဒုံးကျည်တွေကို ဂရိထံ ရောင်းချရဖို့ ဒေါ်လာ သန်း (၄၀၀) ပေးချေမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ စပိုက်ခ်ဟာ အစ္စရေးနိုင်ငံပိုင် ကာကွယ်ရေး ကန်ထရိုက်တာ ရာဖေးလ်မှ…

တက်စလာရဲ့ မီဂါပက့်ခ် ဘတ်ထရီထုတ်စက်ရုံကို ရှန်ဟိုင်းမှာ ဆောက်လုပ်မယ်

ရှန်ဟိုင်း ဧပြီ(၁၁) တက်စလာကုမ္ပဏီရဲ့ ကယ်လီဖိုးနီးယား အခြေစိုက် မီဂါပက့်ခ် စက်ရုံရဲ့ ထုတ်ပြန်မှုတွေကို ဖြည့်တင်းဖို့အတွက် တစ်နှစ်ကို မီဂါပက့်ခ် စွမ်းအင် တစ်သောင်းထုတ်လုပ်နိုင်တဲ့ စက်ရုံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ဖွင့်လှစ်နေတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။ အီလွန်မာ့စ်ရဲ့ မော်တော်ကားထုတ်လုပ်တဲ့ တက်စလာကုမ္ပဏီဟာ ရှန်ဟိုင်းစက်ရုံကို တတိယ သုံးလပတ်မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်မှာ ထုတ်လုပ်မှု…

တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဂျပန်အလေးထားစောင့်ကြည့်နေ

တိုကျို – ဧပြီ(၁၁) တရုတ်အစိုးရရဲ့ ထိုင်ဝမ်ကျွန်းကိုတိုက်ခိုက်ဖို့အထိ လှုံ့ဆော်လာတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဂျပန်ဘက်က စောင့်ကြည့်နေတယ်လို့ အစိုးရ ထိပ်ပိုင်းပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအောက်လွှတ်ောအမတ်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်ကာသီနဲ့ လော့အိန်ဂျလိစ့်မြို့ အစည်းအဝေးအပြီး တိုင်ပေကို ပြန်ရောက်ပြီးနောက်မှာ တရုတ်ဘက်က (၃) ရက်တာ စစ်ရေးလေ့ကျင့်ကို ဧပြီလ(၈) ရက်နေ့မှာ ကြေညာခဲ့တာပါ။ တရုတ်အစိုးရဟာ ဒီမိုကရေစီနည်းက အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို…