မွန်ပြည်နယ် ဗဟိုမဏ္ဍပ် ဖျော်ဖြေရေး ညပိုင်း မြင်ကွင်း
မွန်ပြည်နယ် စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် နိုင်ငံကျော် အဆိုတော် မြန်မာပြည်သိန်းတန်အပါအဝင် အဆိုတော်တွေကို ခေါ်ယူပြီး ဖျော်ဖြေနေပေမယ့်လည်း လူစည်ကားမှုမရှိကြောင်း သိရပါတယ်။ မွန်ပြည်နယ် စစ်ကောင်စီဟာ မော်လမြိုင် ကမ်းနားလမ်း ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်တွေကို ငွေကျပ်သိန်းပေါင်းများစွာကုန်ကျခံပြီး ပြင်ဆင်ထားပေမယ့် ပြည်သူတွေ ပါဝင်ဆင်နွှဲမှု မရှိသလောက် နည်းပါးနေတာပါ။ ” အရင်ကဆို ဒီလိုညမျိုးဟာ ဗဟိုမဏ္ဍပ်ရှေ့…