April 2023

အကျဉ်းသား သုံးထောင်ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီကြေညာ

ရန်ကုန် – ဧပြီ(၁၇) နိုင်ငံတဝှမ်းက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၃၀၁၅) ဦးကို စစ်ကောင်စီကပြန်လွှတ်ပေးမယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ လွတ်ငြိမ်းခွင့်ပြုမယ့် အကျဉ်းသားတွေကို နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက အခုပြစ်ဒဏ် အပြင် ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမှာဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုထားတာပါ။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ပြုမယ့် အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ…

KNU နယ်မြေမှာ တစ်လအတွင်း တိုက်ပွဲအကြိမ် ၃၀၀ ကျော် ဖြစ်ပွားခဲ့

ကော်သူးလေ၊ ဧပြီ(၁၆) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ KNLA၊ KNDO တပ်နဲ့ စစ်ကောင် စီတပ်တို့အကြား မတ်လ(၁)လတာအတွင်း တိုက်ပွဲပေါင်း(၃၀၀)ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင် စီဘက်က (၄၀၀)ကျော် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ်က ဧပြီ(၁၄)ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ မတ်လ(၁)လအတွင်း KNU ကာကွယ်ရေးဌာနလက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့…

သထုံဘူတာနဲ့ ရင်းငြိမ်ဘူတာကြားမှာ ကျောက်တင်ကုန်ရထားတစ်စီး မိုင်းဆွဲခံရ

သထုံ၊ ဧပြီ(၁၆) မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန် – မော်လမြိုင်ရထားလမ်း သထုံဘူတာနဲ့ ရင်းငြိမ်ဘူတာကြားမှာ ဧပြီ (၁၄) ရက် မွန်းလွဲပိုင်းအချိန်က ကျောက်တင်ကုန်ရထားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ ရန်ကုန်ကနေ မော်လမြိုင်ဘက်သို့ မောင်းနှင်းလာတဲ့ ကျောက်တင်ကုန်ရထားကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကျောက်တင်ကုန်ရထား…

တနင်္သာရီပကဖထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်

တနင်္သာရီ၊ ဧပြီ(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ CDM ပြုလုပ်ပြီး အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အခြေစိုက် ၅၆၁ တပ်က တပ်သားအောင်မိုးနိုင်ဆိုသူဟာ MA 3 မောင်းပြန်တစ်လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အတောင့် ၂၀၀ ၊ ချပ်ဝတ်တန်ဆာအချို့နဲ့အတူ…

ပဇီကြီးကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ KIO ထုတ်ပြန်

လိုင်ဇာ – ဧပြီ(၁၅) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရကပ်ဖြစ်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီက ဒီနေ့ဧပြီလ(၁၅) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်ပြုရမယ့်အစား ရန်သူသဖွယ် အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့…

ကယားပြည်နယ် ဗဟိုမဏ္ဍပ်ဒရုန်းနဲ့ဗုံးကြဲခံရ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေထိခိုက်မှုရှိနိုင်

လွိုင်ကော် – ဧပြီ(၁၅) ကယားပြည်နယ်၊ လွိုင်ကော်မြို့ စစ်ကောင်စီပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ် ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက် ခံရတာကြောင့် ထိိခိုက်မှုတွေရှိနိုင်တယ်လို့ လွိုင်ကော်ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ(၁၅)ရက် သင်္ကြန်အကြတ်နေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်တပ် အရာရှိ တွေနဲ့ ရေကစားနေသူတွေထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ “အသေအပျောက်တော့မကြားဘူး။ထိခိုက်တာတော့ရှိတယ်။ဒါပေမယ့်ဘယ်သူ့ကိုမှပေးမဝင်ဘူး။သူတို့ဘာသာသူတို့အကုန်ပြင်ဆင်ထားပြီးသား။စစ်တပ်ကပဲအကုန်ကားတွေနဲ့ခေါ်သွားပြီးကုသ ပေးနေတယ်” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဗုံးပေါက်ကွဲပြီးနောက်…

KNU ဒေသခံတွေ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ

ညောင်လေးပင်၊ ဧပြီ(၁၅) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာသားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်ပြီးလမ်းပြအဖြစ် စေခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဧပြီ(၁၁)ရက်နေ့က စစ်ကောင်စီတပ်ဟာ ဘောက ထာစခန်းကနေပြီး ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ မဘီလေးကျေးရွာနဲ့ ငဖယ်အင်းကျေးရွာက ဒေသခံတွေရဲ့ နေအိမ်(၂)လုံးကို ထိမှန်ပျက်စီးခဲ့တယ်လို့…

ဘီးလင်းမြို့နယ်မှာ လောင်းကစားဝိုင်းတစ်ခု ဗုံးခွဲသတိပေးခံရ

ဘီးလင်း၊ ဧပြီ(၁၅) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကတိုးဆိပ်ကျေးရွာမှာ စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည် သူ့စစ်တွေ ဦးဆောင်ပြုလုပ်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုကို ဗုံးခွဲသတိပေးခဲ့တယ်လို့ ဘီလင်းမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၃ ရက်နေ့ ည ၁၁ နာရီလောက်မှာ ကတိုးဆိပ်ကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသံဗုံးဖောက်ခွဲပြီး သတိပေးခဲ့တာဖြစ်ပါတယ်။ အသံဗုံးခွဲသတိပေးမှုအပြီးမှာ…

သထုံမှာ သင်္ကြန်ကာလ အမျိုးသား ၂ ဦးအတူတူ ဆိုင်ကယ်မစီးဖို့ စစ်ကောင်စီအမိန့်ထုတ်

သထုံ၊ ဧပြီ(၁၅) မွန်ပြည်နယ် သထုံမြို့နယ်အတွင်း သင်္ကြန်ကာလ အမျိုးသား ၂ ဦးအတူတူ ဆိုင်ကယ်မစီးကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပြီး စီးနင်းသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီကပြုလုပ်တဲ့ သထုံလမ်းလျှောက်သင်္ကြန်မှာ ပြည်သူတွေမပါဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ သတိပေးပြီးနောက် စစ်ကောင်စီကအမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ အမိန့်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။…

ပုလောမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ဒေသခံ PDF ဝင်တိုက်

ပုလော၊ ဧပြီ(၁၅) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထား တဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တပ်အင်အား ၃၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း နေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့…