သင်္ကြန်ကာလ ရေကစားမဏ္ဍပ်တွေမှာ ဗုံးပေါက်ကွဲမှုကြောင့် လူဒါဇင်ကျော်သေဆုံး
မော်လမြိုင်၊ ဧပြီ(၁၈) စစ်တပ်အာဏာသိမ်းမှုအောက်က မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း စစ်ကောင် စီကြီးမှူးတဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ အနီးအနားတွေမှာ ဗုံးပေါက်ကွဲမှုကြောင့် လူဒါဇင်ကျော် သေဆုံးခဲ့ရတယ်လို့ သံလွင်တိုင်းမ်က စိစစ်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ သက်ဆိုင်ရာ ဒေသအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်နဲ့ စစ်ကောင်စီက ထုတ်ပြန်ချက်တွေကို ကိုးကားပြီး သံလွင်တိုင်းမ်အနေနဲ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်ကစပြီး အတက်နေ့ ဧပြီ ၁၆…