April 2023

ထီးလင်းစစ်ရှောင်စခန်းကို လေယာဉ်တိုက်ခိုက်လို့ (၃) ဦးကာ (၁၀) ဦးကျော်ဒဏ်ရာရ

ထီးလင်း – ဧပြီ(၂၀) မကွေးတိုင်း၊ ထီးလင်းမြို့နယ်က စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် (၃) ဦးသေဆုံးပြီး(၁၀)ဦးကျော် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ (၂၀) ရက်နေ့ နေ့လည်(၁၂) နာရီဝန်းကျင်မှာ လောင်းဘိုလေး ကျေးရွာ ပ.အ.ဖ နဲ့ စစ်ဘေးရှောင်တွဲဘက်ရုံးကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်…

ပဇီကြီးကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံ (၈၀၀၀) နီးပါးထွက်ပြေးနေရ

ကန့်ဘလူ – ဧပြီ(၂၀) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ(၈) ရွာက ပြည်သူ (၈၀၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၁၈) ရက်နေ့ ညပိုင်းက အင်အား (၂၀၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း ဟာ မလည်တိုက်နယ်ရဲစခန်းကို ရောက်ရှိလာပြီးနောက်…

ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးထပ်ကြဲ

ဧပြီ(၂၀) စစ်ကိုင်းတိုင်း စစ်ကိုင်းတိုင်း ကန့်ဘူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီ က Jet Fighter နဲ့ ထပ်မံဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ(၂၀) ရက်နေ့ နေ့လည်း (၂) နာရီကျော်က ပဇီကြီးကျေးရွာအတွင်းပိုင်းကို ဗုံးကြဲတိုက် ခိုက်ခဲ့တာပါ။ ” နေ့လည် သုံးနာရီလောက်က အဲဒီဘက်ကနေ ပေါက်ကွဲသံတွေ ကြားရတယ်။လေးငါးခြောက်ချက် ပဲ။…

စစ်ကောင်စီလေယာဉ်မောင်းတွေကိုစီရင်အဖွဲ့အတွက် သိန်း(၅၀၀) မြေကွက်ဆုချီးမြှင့်မယ် လို့ CDF-Mindat ကြေညာ

မင်းတပ် – ဧပြီ(၂၀) ချင်းပြည်နယ်၊မင်းတပ်မြို့နယ်က ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ စစ်ကောင်စီ လေယာဉ်မောင်းတွေကို အပြစ်ပေးစီရင်နိုင်တဲ့ ဘယ်အဖွဲ့ကိုမဆို ကျပ်သိန်း (၅၀၀) တန်ဖိုးရှိတဲ့ မြေကွက်ဆုချီးမြှင့်မယ်လို့ CDF- Mindat ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီနှစ်အစပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်က ပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် ပြည်သူတွေထိခိုက်သေဆုံးပြီး နေအိမ်တွေ လည်း ပျက်စီးတာတွေရှိနေတာပါ။ မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို…

ကျွန်တော်တို့အနေနဲ့က လက်နက်ခဲယမ်း ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို တိုးမြှင့်နိုင်ဖို့ ထုတ်လုပ်နိုင်စွမ်းအားတွေ မြှင့်တင်ပြီးတော့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ကို နံပါတ်တစ်အနေနဲ့ ကြိုးစားနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို လက်နက်တပ်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်နက်တင်ဆင်ပေးမှု အခြေအနေ၊ လက်နက်တပ်ဆင်ပေးရာမှာ ဘယ်လိုမူဝါဒတွေ ချမှတ်ထားလဲ။ လက်နက် လိုအပ်ချက် မြင့်မားမှုကို ဘယ်လို ဖြည့်တင်းသွားဖို့ ဆောင်ရွက်နေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့…

မြဝတီမြို့နယ် မဲကနယ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေ

မြဝတီ၊ ဧပြီ(၂၀) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသဘက်မှာ ဧပြီ (၁၉)ရက်နေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်း(၂) (VENOM PDF စစ်ကြောင်း)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲတွေဟာ KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ် တောင်ဘက်ပိုင်းက မဲကနယ်ကျေး ရွာဘက်ကို စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA…

ဘီးလင်းမြို့နယ် အလူးလေးကျေးရွာဒေသခံ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရ

ဘီးလင်း၊ ဧပြီ(၂၀) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးအ ဆက်မပြတ် ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၁၉ ရက်နေ့ မနက် ၁၁ နာရီကစပြီး ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာ ဘုရားကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ…

စစ်အာဏာသိမ်း (၈၀၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၁၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၂၀) AAPP ရဲ့ ဧပြီ(၁၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၀၈)ရက်အတွင်း ပြည်သူ (၃၄၁၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၄၂၁ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…