ကြံ့ခိုင်ရေးပါတီကို ပထမဦးဆုံးနိုင်ငံရေးပါတီအဖြစ် စစ်ကောင်စီမှတ်ပုံတင်ခွင့်ပြု
နေပြည်တော်၊ ဧပြီ(၂၂) စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဧပြီ ၂၀ ရက်နေ့မှာ ကြေညာပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ (၁) ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့…