April 23, 2023

တနင်္သာရီမြို့နယ်ပဖကထံ စစ်ကောင်စီရဲတပ်သားတစ်ဦး CDM ပြုလုပ်

တနင်္သာရီ၊ ဧပြီ(၂၃) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဧပြီ ၂၁ ရက်နေ့က စစ် ကောင်စီ ရဲတပ်သားတစ်ဦး အာဏာဖီဆန်ရေး CDM ပြုလုပ်လာတယ်လို့ မြို့နယ် ပကဖတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ ရဲတပ်သားဟာ တပ်သားမင်းအုပ်ဆိုသူဖြစ်ပြီး ရခိုင် ပြည်နယ်၊ မောင်တောမြို့နယ်၊ မောရဝတီရဲစခန်းကနေ ထွက်ခွာလာသူဖြစ်တယ်လို့ သိရပါတယ်။…

ဘားအံ-သထုံလမ်းပိုင်းမှာ ကားဗုံးပေါက်ပြီး အမျိုးသားတစ်ဦးသေဆုံး

သထုံ၊ ဧပြီ(၂၃) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ ဘားအံ-သထုံကားလမ်းပေါ်မှာ ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းက ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဘားအံဘက်ကနေ သထုံဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးဟာ မြိုင်ကလေးကျေးရွာ ရွာကြီးပိုင်းဘက် ကားလမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။…

အာဆီယံဘုံသဘောတူညီမှု ၅ ချက် ၂ နှစ်ပြည့်တဲ့အထိ အကောင်အထည်မဖော်နိုင်သေး

ရန်ကုန် ၊ ဧပြီ (၂၃) မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ ၂ နှစ်ပြည့်တဲ့အထိတိုင် ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်လိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကတာမြို့ရှိ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီချက်…

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေရ

မော်လမြိုင် ၊ ဧပြီ (၂၃) မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့မှာ သင်္ကြန်ကာလပြီးနောက်ပိုင်း အပူချိန်လွန်ကဲစွာ မြင့်တက်လာမှုနဲ့အတူ ရေရှားပါးမှုပြဿနာကို စတင်ကြုံတွေ့လာရပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေရှားပါးမှုပြဿနာကို ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူဇရပ် မြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ဆိုးဆိုးဝါးဝါး ခံစားနေရတာ ဖြစ်ပါတယ်။…

မြဝတီမြို့နယ် မဲကနယ်ဒေသမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာ

မြဝတီ၊ ဧပြီ(၂၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံပြု လုပ်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီပထမအပတ်ကတည်းက စတင်ဖြစ်ပွားနေတဲ့ မဲကနယ်ဒေသတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီ တပ်ဟာ ဧပြီ(၂၂)ရက်နေ့ မနက်(၁)နာရီအချိန်လောက်မှာလည်း တိုက်ခိုက်ရေးလေယာဉ်နဲ့ လာရောက်တိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဆိုကြပါတယ်။ KNU…

လစာတိုးပေးမယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်

နေပြည်တော်၊ ဧပြီ(၂၃) စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှုန်းထား တိုးမြှင့်ပေးမယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာ ဖြစ်တယ်လို့ ဧပြီ ၂၂ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှုန်းထားတိုးမြှင့်ပေးမယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်ရဲ့ ဖြေဆိုချက်အရ နိုင်ငံဘဏ္ဍာရေး အခြေအနေအရ…