ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအ သုံးဆိုင်ရာဥပဒေမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသုံးစရိတ်ဟာ ကျပ် ၂၈ ဘီယံလီကျော် ခွင့်ပြု ထားပြီး ဒီပမာဏဟာ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ဘတ်ဂျက်နဲ့ နှိုင်းယှဉ်ရင် ထက်ဝက်နီးပါး လျှော့ကျနေတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လို မြင်ပါ သလဲ။ စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ရန်ပုံငွေကနေ ရွေးကောက် ပွဲ ဖြစ်လာနိုင်မလား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ကောင်စီ ကျင်းပသွားမယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ပါတီမှတ်ပုံတင်ဥပဒေမှာ ဥပဒေ၊ နည်းဥပဒေထုတ်တယ်။ လက်ရှိကတော့ ဥပဒေထုတ်တဲ့အခါမှာ ဥပဒေမှာ ပြီးခဲ့တဲ့လအတွင်းမှာ မတင်တဲ့ပါတီတွေပျက်ပြယ်တယ်။ ပါတီဖျက်သိမ်းတယ်ပေါ့။ ပါတီဖျက်တယ်ဆိုတာက ပါတီဖျက်သိမ်းတာနဲ့ မတူဘူးပေါ့။ ပါတီ တွေပျက်ပြယ်တယ်ဆိုပြီး သူကလုပ်ပစ်တယ်။ မဲအများဆုံးပေးတဲ့ NLD နဲ့ SNLD မတင်ဘူးဆိုပြီး ပြောခဲ့တယ်ပေါ့။ လက်ရှိနိုင်ငံရေး အခင်းအကျင်းက ကာချုပ်မင်းအောင်လှိုင်က တာဝန်ယူထားတာ ၆လပေါ့။ မငြိမ်းချမ်းလို့ဆိုပြီး ထပ်ပြီးယူထားတယ်ပေါ့။ ဒီခြောက် လပြီးရင် သူရွေးကောက်ပွဲ လုပ်ငန်းစဉ်လုပ်မယ်ဆိုရင် ဒီရွေးကောက်ပွဲကို သွားမယ့်လမ်းစဉ်ကို သူဖော်ဆောင်နေရမှာလေ။ ရွေးကောက်ပွဲသွားမယ့် လမ်းစဉ်တွေဆိုတာက ပါတီတွေကိုဝင်ရွေးဖို့အတွက် အခွင့်အလမ်းတွေ ပေးထားရမယ်။

ပါတီတွေကို လမ်းကြောင်းတွေ ခင်းပေးရမယ်။ ပါတီတွေ့ဆုံပွဲတွေ လုပ်ရမယ်ကော်မရှင်က။ အဲဒီပုံစံတွေ ဘာမှမလုပ်ထား တဲ့အတွက် ပါးစပ်ကတော့ နိုင်ငံတကာသိအောင် ရွေးကောက်ပွဲက ပြောနေဦးမှာပဲ။ မငြိမ်းချမ်းလို့ဆိုတဲ့ စကား လုံးတစ်လုံးနဲ့ အခုနှစ်သစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အခါမှာ နိုင်ငံ ရေးပုဒ်မနဲ့ဆွဲထားတဲ့ လူငယ်တွေ၊ နိုင်ငံရေးသမားတွေအကုန်လုံး သူတို့ကိုလွှတ်ဖို့က တချို့ဆိုရင် လပိုင်း လောက်ပဲ ကျန်တဲ့သူတွေဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ပါလာရမှာ။ အခုလွှတ်ပေးတာက ဆေးသမား တွေ၊ သူခိုးတွေ၊ လုယက်သမားတွေ ဒီလူတွေပဲ လွှတ်လိုက်တဲ့အခါကျ တိုင်းပြည် ကအခုချိန် ခိုးဆိုးလုယက် တွေ အရမ်းပေါတယ်။ တိုင်းပြည်မငြိမ်းချမ်းအောင် ဘယ်သူလုပ်နေလဲဆိုရင် အဲဒီအပေါ်မှာလည်း ပြည်သူတွေက တော်တော်များများ သိပါတယ်။ အဲဒီအပေါ်ကို ကြည့်ချင်းအားဖြင့် သေချာပါတယ်။ သူတို့က ရွေးကောက်ပွဲကို လုပ်မှာမဟုတ်ဘူး။ ပါးစပ်ကတော့ ပြောနေမှာပဲ။

-စစ်ကောင်စီရဲ့ ကော်မရှင်အသုံးစရိတ်ဟာ NLD အစိုးရလက်ထက်နဲ့စာရင် ထက်ဝက်နီးပါး လျှော့ကျနေတယ် ဆိုတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲက ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ။

ရွေးကောက်ပွဲလုပ်ပြီဆိုရင် ကျွန်တော်တို့က အကူအညီယူရတယ်။ အကူအညီဆိုတာ ပွင့်လင်းမြင်သာမှု ရှိ အောင်လို့ နိုင်ငံတကာကိုလည်း မျက်နှာပန်းဖွင့်ရတယ်။ ၂၀၁၀မှာတုန်းက နိုင်ငံတကာကို ဖိတ်ခေါ်ပြီးတော့ ဒါတွေလုပ်ခဲ့တာ မဟုတ်ဘူး။ ၂၀၁၂မှာ နည်းနည်းပွင့်လင်းလာတယ်။ ၂၀၁၅မှာကျတော့ နိုင်ငံတကာကို ဖိတ်ခေါ်ပြီးလုပ်ခဲ့အခါမှာ နိုင်ငံတကာရဲ့ အကူအညီတွေ ရလာတယ်။ ဘာရလဲဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီးတော့ မဲစာရင်းပြုစုတာတွေ၊ မဲစာရင်းဒေတာအချက်အလက်တွေ သွင်းတာတွေ သူတို့ရဲ့ အကူအ ညီတွေ အများကြီးရခဲ့တယ်။ အကူအညီတွေ အများကြီးရခဲ့တဲ့အတွက် ၂၀၁၅ရွေးကောက်ပွဲမှာလည်း ရွေး ကောက်ပွဲ အထမြောက်အောင် ဖြစ်ခဲ့တယ်။ ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲမှာရော၊ ၂၀၂၀ရွေးကောက်ပွဲမှာ တော့ နိုင်ငံတကာအကူအညီတွေ ရခဲ့တယ်။ နိုင်ငံတကာ အကူအညီမရဘဲ ကိုယ့်ပြည်တွင်းနဲ့ဆို ဒီအသုံးစ ရိတ်က မလောက်ဘူး။ မလောက်ဘူးဆိုတာက ကွင်းဆင်းရတဲ့စရိတ်တွေ အခုလက်ရှိက ရွေးကောက်ပွဲ အသုံးစရိတ်က ဒီနှစ်ဘတ်ဂျတ်က အဲဒီလောက်ပဲလျာထားတယ်ဆိုရင် သေချာတယ်။

ရွေးကောက်ပွဲလုပ်ဖို့က အသိပညာပေးရေးက အဓိကကျတယ်။ ဘယ်စနစ်နဲ့သွားမယ်  ကြိုက်တဲ့စနစ်နဲ့ သွားပါ။ ပြည်သူတွေ မဲဘယ်လိုပေးရတယ်ဆိုတဲ့ အသိပညာပေးရေး၊ စေတနာ့ဝန်ထမ်းတွေ ခေါ်ရမယ်။ အဲဒီအသုံးစရိတ်တွေ အများကြီးလိုတယ်။ အခုဟာက ဒီလောက်ငွေပမာဏနဲ့ ရွေးကောက်ပွဲလုပ်မယ့် အစီအစဉ်က ကျွန်တော်မမြင်ဘူးခင်ဗျ။ နောက်ပြီးတော့ သူတို့ တင်ဒါခေါ်ထားတဲ့ကိစ္စတွေလည်း ဖျက် လိုက်တယ်ဆိုတော့ အဲဒီဟာတွေ cancel မလုပ်ဘူးဆိုရင်တော့ လက်ရှိ နိုင်ငံရေးပါတီတွေရဲ့ အမြင်ကတော့ ရွေးကောက်ပွဲကို သွားလာနိုင်တဲ့ အလားအလာရှိတယ် မှန်းလို့ရတယ်ခင်ဗျ။ အခုဟာက တင်ဒါတွေလည်း ရုပ်သိမ်းလိုက်တယ်။ မဲပုံးတွေ မဲလက်မှတ်တွေ သူတို့က ရွေး ကောက်ပွဲနဲ့ ပက်သက်တာတွေ အကုန်လုံးကို ပြန်ရုပ်သိမ်းလိုက်တယ်ဆိုတည်းက ရွေးကောက်ပွဲကို လုပ်မယ့်အစီအစဉ် မရှိတော့တာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.