ပြုံယမ်း – ဧပြီ(၂၂)
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားပိုင်ဆိုင်မှုကို ငြင်းဆန်လို့ရမှာမဟုတ်ဘဲ ဆက်လက် တည်ရှိနေမှာဖြစ်သလို အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဖယ်ရှား ပစ်နိုင်တဲ့အထိ တပ်ဖွဲ့ကို တည်ဆောက်သွားမှာဖြစ်တယ်လို့ KCNA မှာဖော်ပြထားပါတယ်။
G-7 နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြောက်ကိုရီးယားရဲ့ ဧပြီလ(၁၃) ရက်နေ့က နျူလက်နက် စမ်းသပ်မှုကို ရှုတ်ချထားသလို ဂျပန်နိုင်ငံမှာ တွေ့ဆုံမှုအပြီးမှာတော့ နျူကလီးယား ကင်းစင် ရေး တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အမေရိကန်နဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေကလည်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့အတွက် တင်းမာမှု တွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားက ဝေဖန်ထား သလို သူတို့ဟာ အကြွင်းမဲ့ နျူကလီးယားစစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုဖြစ်တယ်လို့ ဝေဖန် ထားပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် တီထွင်ဖန်တီးမှုဟာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှု ကို သတိပြုဖို့သာ ရည်ရွယ်ထားပြီး သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေး သေချာစေဖို့ အတွက် ရန်လိုတဲ့ မူဝါဒကို စွန့်လွှတ်ဖို့ အမေရိကန်က တိုက်တွန်းထားပါတယ်။
“နျူကလီးယား ဒဏ်ခတ်နိုင်ခွင့်နှင့် စွမ်းဆောင်နိုင်မှုဟာ ဝါရှင်တန်အတွက် သီးသန့်ဖြစ်သည်ဟု ထင်မြင်ခြင်းမှာ ခေတ်နောက်ကျနေပီ ဖြစ်တယ်၊ အမေရိကန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့စွမ်းဆောင်မှုရှိတဲ့ အစွမ်းသတ္တိကို ရရှိနိုင်တဲ့အတွက်ဘယ်သူ့ဆီကမှ အသိအမှတ်ပြု မှု ဒါမှမဟုတ် အတည်ပြုချက်ကို ဘယ်တော့မှ တောင်းခံမှာ မဟုတ်ပါဘူး။” လို့ ဝန်ကြီးက KCNA သို့ ပြောခဲ့တာပါ။
G-7 နိုင်ငံတွေဟာ နျူကလီးယားကင်းစင်ရေး တောင်ဆိုပြီး မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာနဲ့ အခြေခံ အကျိုးစီးပွားကို ချိုးဖောက်လာပါက ပြင်းထန်စွာ အရေးယူသွားမှာဖြစ်တယ် လို့ ဆိုထားပါတယ်။
“အမေရိကန်နဲ့ မဟာမိတ်တပ်တွေရဲ့ ရန်လိုတဲ့ ခြိမ်းခြောက်မှုတွေကို လုံးလုံးလျားလျား မဖယ်ရှားမချင်း အချုပ်အခြာအာဏာပိုင်နိုင်ငံကို ပေးအပ်ထားတဲ့ တရားဝင်အခွင့်အရေး တွေအပေါ် အခြေခံပြီး အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” မြောက်ကိုရီးယား ဝန်ကြီးက ပြောခဲ့ပါတယ်။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုရီးယားရဲ့ ကြေညာချက်ကို ရှုတ်ချထားသလို ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာကနေ ရပ်တန့်ဖို့နဲ့ ဥပဒေမဲ့ လက်နက်တွေ တီထွင်ဖန်တီးတာတွေလည်း မလုပ်တော့ဖို့ တိုက်တွန်းထားပါတယ်။
“မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်တွေ တည်ဆောက်ရာကနေ လိုချင်တာကို ဘယ် တော့မှ ရနိုင်မှာ မဟုတ်ဘူး၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပိုပြီး ဝေးကွာကာ အထီးကျန်ဖြစ်လာမှာ ပါ” လို့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟျူဂျင်းက သတင်းစာရှင်း လင်းပွဲမှာ ပြောခဲပါတယ်။
Ref:CNA