မော်လမြိုင် – ဧပြီ(၂၁)

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း(၉) နှစ်ပြည့် ရှပ်ပြာရောင်လှုပ်ရှားမှု မှာ ပြည်သူတွေပူးပေါင်းပါဝင်ပေးဖို့ AFCC ရဲဘော်တွေနဲ့ လှုပ်ရှားမှု အဖြစ် “ နိုင်ငံရေးအကျဉ်းသား အားလုံး ချက်ချင်းလွှတ်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ကြုံတွေ့နေရတာပါ။

အဲဒါကြောင့် စစ်ကောင်စီမတရားဖမ်းဆီးထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ မြန်မာ့နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့အတွက် စစ်ကောင်စီကို ဖိအားပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ဓာတ်ပုံ – GSCB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.