ဘန်ကောက် – ဧပြီ(၂၂)
ထိုင်းအစိုးရရဲ့ အခွန်စည်းကျပ်မှုကို အကောင်အထည်ဖော်ရာမှာ အခက်အခဲပြဿနာတွေ ကြုံ တွေ့နေရတဲ့အတွက် နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအပေါ ပြည်ဝင်ကြေး (၁၂) ဒေါ်လာ ကောက်ခံမှုကို ဇွန်လကနေ စက်တင်ဘာလအထိ ဆိုင်းငံ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ခရီးသွားဧည့်သည်တွေကြား ရေပန်းစားတဲ့ ထိုင်းနိုင်ငံဟာ နိုင်ငံအတွင်းဝင်ရောက်ချိန်မှာ ဘတ် ငွေ (၃၀၀) ကောက်ခံချိန်မှာ ပြဿနာတွေဖြစ်ပေါ်နေတယ်လို့ ဘန်ကောက်ပိုစ့် သတင်းစာမှာဖော် ပြထားပြီးနောက် နိုင်ငံခြားသား၊ ထိုင်းနိုင်ငံသားတွေနဲ့ ပြည်ပခရီးသည်တွေဆီက ကောက်ခံတဲ့ အဲဒီနည်းလမ်းကို လေကြောင်းလိုင်းတွေဘက်က ဆောင်ရွက်ပေးဖို့ ငြင်းဆန်နေတာပါ။
ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားရေးရာ ဝန်ကြီးက လေကြောင်းလိုင်းတွေဟာ သူတို့ရဲ့ စည်းမျဉ်းဥပဒေအပေါ် အခြေခံပြီး ခရီးသည်အားလုံးကို တူညီတဲ့ ပုံစံအတိုင်းဝန်ဆောင်မှု ပေးဖို့ အခိုင်အမာပြောဆိုနေကြတယ်လို့ Thai Daily ကိုပြောခဲ့ပါတယ်။
ဒါ့အပြင် ပြည်ဝင်ကြေးကောက်ခံမှုကို လေယာဉ်လက်မှတ်တါေမှာ ထည့်သွင်းတက်ချက်မယ့် အခွန်စည်းကျပ်မှု တွေကိုလည်း မကြာခင်က ကြေညာထားတယ်လို့ သိရပါတယ်။
အစိုးရအဖွဲက ပြည်ဝင်ကြေးကောက်ခံတာဟာ ခရီးသည်တွေနိုင်ငံတွင်း နေထိုင်တဲ့ အတော အတွင်း ကျန်းမာရေးနဲဲ့ မတော်တဆမှုအာမခံအတွက်ဖြစ်သလို ခရီးသွားဧည့်သည်တွေ ကြိုက် နှစ်သက်တဲ့ နေရာတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်လစီမှာ နိုင်ငံခြားခရီးသွားဧည့်သည် (၂) သန်းအထိ ဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံကိုဝင်ရောက်ခဲ့တဲ့ နိုင်ငံခြား ခရီးသွားဦးရေ (၁၃,၃၀၀၀) နဲ့ နှိုင်းယှဉ်ရင် အလွန်ကွာလနေတယ်လို့ သိရပါတယ်။
ခန့်မှန်းချက်တွေအရ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် လောက်ရောက်မှုဟာ ၂၀၂၃ ခုနှစ်မှာ သန်း(၃၀) အထိရှိလာနိုင်တယ်လို့ Bloomberg မှာ ဖော်ပြထားပါတယ်။
Ref: The Straits Times