ကော့သောင်း၊ ဧပြီ(၂၁)
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာရှိ စစ်ကောင်စီသြဇာခံပြည်သူ့စစ် ခေါင်းဆောင် ၂ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံတွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး ပစ်သတ်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာပါ။
စစ်ကောင်စီတပ်ဟာ ဧပြီ ၂၀ ရက်နေ့မှာ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နေ ကိုဆန်းမင်းဦးနဲ့ မာရမ်းကျေးရွာနေ ကိုလွင်ဦးတို့ကို ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဆိပ်ဖူးကျေးရွာ ဒေသခံ ၂ ဦးကို ထပ်မံဖမ်းဆီးဖို့ လာရောက်စဉ် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ ဒေသခံ ၂ ဦးကိုတော့ စစ်ကောင်စီတပ်က ခမောက်ကြီးမြို့ရှိ စစ်ကောင်စီ အခြေစိုက်တပ်ရင်းထဲ ဖမ်းဆီးသွားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်
စစ်ကောင်စီတပ်ဟာ ဧပြီ ၂၀ ရက်နေ့မှာ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နေ ကိုဆန်းမင်းဦးနဲ့ မာရမ်းကျေးရွာနေ ကိုလွင်ဦးတို့ကို ဖမ်းဆီးသွားခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ဆိပ်ဖူးကျေးရွာနေ ပြည်သူစစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ဒုခေါင်းဆောင် မြင့်အောင်တို့ကို ကော့သောင်းမြို့နယ် (ပကဖ)အဖွဲ့က နေအိမ်မှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာပါ။
ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦးကို ပစ်ခတ်ရှင်းလင်းစဉ် သူတို့ကိုင်ဆောင်တဲ့ AK 47 နှစ်လက်၊ ပစ္စတို ၁ လက်နဲ့ကျည်တွေအပြင် ယူနီဖောင်းနဲ့ကျည်ကာ၊ ကျည်ဘောက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ