တိုကျို – ဧပြီ(၁၉)
ရုရှားက အိမ်နီးချင်း ယူကရိန်းကို စစ်ပွဲဆင်နွှဲနေချိန် ဘီလာရုစ်မှာ နျူလက်နက်တွေ တပ်ဆင်ဖို့ လုပ်ဆောင်နေမှုနဲ့ တရုတ်က ထိုင်ဝမ်အပေါ် ဖိအားပေးနေတာတွေကို ပြစ်တင်တုန့်ပြန်တဲ့ အနေနဲ့ G-7 နိုင်ငံတွေက သူတို့အနေနဲ့ အရင်ကထက်ပိုမိုစည်းလုံးမှုကို အလေးပေးလာတယ်လို့ ဧပြီလ (၁၈) ရက်နေ့မှာ ပြောခဲ့ပါတယ်။
ပြင်သစ်သမ္မတက ဥရောပသမဂ္ဂအနေနဲ့ အမေရိကန်အပေါ်မှီခိုအားထားမှုကို လျှေချသင့်ပြီး ထိုင်ဝမ် အကျပ်အတည်းမှာ ဝင်မပါဖို့ သတိပေးပြီးနောက် ခေါင်းဆောင်တွေကြား ညီညွတ်မှု ကိုပြသခဲ့ကြတာပါ။
“G7 နိုင်ငံခြားရေးဝန်ကြီးတွေကြား စည်းလုံးညီညွတ်မှုအင်အားက အရင်က မတွေ့ဖူးသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ဂျပန် အပန်းဖြေမြို့ ကာရူဇဝါမှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူတို့ပိုင်နက်အဖြစ်အခိုင်အမာပြောဆိုထားပြီး ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းကို ပြန်လည်သိမ်းယူဖို့ စစ်ရေးလေ့ကျင့်မှုတွေ အဆက်မပြတ်လုပ်ဆောင် နေသလို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကလည်း ကျွန်းရဲ့ ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
G-7 ရဲ့တရားဝင်ထုတ်ပြန်ချက်မှာ ပြဿနာနှစ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားရဲ့ စစ်ရေးဝင်ရောက် စွက်ဖက်မှုနဲ့ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ အလားတူလုပ်ဆောင်ချက်တွေဟာ သုံးရက်ကြာ အစည်း အဝေးရဲ့ အဓိကအာရုံစိုက်မှုကို ခံထားရတာဖြစ်ပါတယ်။
အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ကနေဒါတို့ ပါ၀င်တဲ့ အဖွဲ့က ရုရှားရဲ့ နျူနက်လက်တွေ ဘီလာရုစ်မှာ ထားရှိမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို လက်ခံနိုင်ဖွယ်မရှိလို့ ဖော်ပြ ထားပြီး ယူကရိန်းမှာ ဓာတု၊ဇီဝဒေသနဲ့ နျူကလီးယား လက်နက်အသုံးပြုလာရင်ပြင်းထန်တဲ့ အကျိုးဆက်တွေကို ကြုံတွေ့ရလိမ့်မယ်လို့ ဆိုထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နေတိုးမဟာမိတ်အဖွဲ့ဟာ ရုရှားနယ်စပ်ကို တိုးချဲ့နေတာ ကြောင့် တာတိုပစ်နျူလက်နက်တွေ တပ်ဆင်ထားမယ်လို့ ပြီးခဲ့တဲ့လက ပြောပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး တင်းမာမှုတွေကြောင်း တခြားနိုင်ငံတစ်ခုမှာ နျူကလီးယားတပ် တွေ တပ်စွဲဖို့ အကြံပြုတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုက စစ်အေးတိုက်ပွဲ ပြီးဆုံးပြီး နောက်ပိုင်း ရုရှားရဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ထိုင်ဝမ်ရေလက်ကြားရှိ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလှုပ်ရှား မှု ကို ဆန့်ကျင်ဖို့ G-7 ဝန်ကြီးတွေက သဘောတူခဲ့ကြပြီး တရုတ်နိုင်ငံကိုလည်း နိုင်ငံတကာ အသိုင်းအဝန်းမှာ တာဝန်သိတဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြသဖို့ တောင်းဆိုထားကြပါတယ်။
Ref: Reuters