သထုံ၊ ဧပြီ(၁၈)မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ သိမ်ဆိပ်ရဲစခန်းကို ဧပြီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ရဲတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးကျော် နေထိုင်တဲ့ သိမ်ဆိပ်ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်က လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေရှိပေမယ့် အရေအတွက်အတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဆိုပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လမ်းတချို့ကို ပိတ်ဆို့စစ်ဆေးတာနဲ့ သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်နေတာကြောင့် ဈေးဆိုင်အများစု ယာယီပိတ်သိမ်းထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီ အခြေစိုက်တပ်ရင်း ၃ တပ်ရင်းအနီးမှာ ရှိတဲ့ သိမ်ဆိပ်ရဲစခန်းဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Thahton PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.